လိင်မှုဗီဒီယို ထွက်ပေါ်ခဲ့သည့် အင်ဒိုနီးရှား အဆိုတော်ဖက်မှ ဂျပန် အပြာ ရုပ်ရှင်မင်သမီး ကာကွယ်ပြော

alt

ဂျ​ပန်​နိုင်ငံ​မှ​ ​အ​ပြာ​ရုပ်​ရှင်​စ​တား​ ​မင်း​သ​မီး​က​ ​အင်​ဒို​နီး​ရှား​တွင်​ ​လိင်​မှု​ဗီ​ဒီ​ယို​များ​ ​ထွက်​ပေါ်​လာ​ခြင်း​ကြောင့်​ ​ဝေ​ဖန်​ခံ​နေ​ရ​သည့်​ ​အ​ဆို​တော်​ ​အေ​ရီ​ရယ်​ဖက်​မှ​ ​ကာ​ကွ​ယ်​ပြော​ကြား​လိုက်​သည်​။​ ​

အင်​ဒို​ရဲ​များ​အ​နေ​နှင့်​ Peterpan​ ​အ​ဖွဲ့​မှ​ ​အ​ဆို​တော်​၏​ ​လိင်​မှု​ဗီ​ဒီ​ယို​များ​ ​ပျံ့​နှံ့​လာ​မှု​ကို​ ​ပြင်း​ထန်​သော​ ​အ​ရေး​ယူ​မှု​များ​ ​ပြု​လုပ်​ရန်​ ​စီ​စဥ်​နေသည်​ဆို​သော​ ​သ​တင်း​များ​ကို​ ​ဂျ​ပန်​မင်း​သ​မီး​ ​မာ​ရီ​ယာ​အို​ဇာ​ဝါ​ (​ခေါ်)​ ​မီ​လာ​ဘီ​က​ ​ဝေ​ဖန်​လိုက်​သည်​။​ ​အ​ချို့​က​ ​အေ​ရီ​ရယ်​၏​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​သူ​မ​၏​အ​မြင်​ကို​ ​မေး​မြန်းကြ​ကြောင်း​၊​ ​ယ​ခု​ကိ​စ္စ​တွင်​ ​အေ​ရီ​ရယ်​သည်​ ​ထူး​ထူး​ခြား​ခြား​ ​ပြစ်​မှု​ကြီး​တစ်​ခု​ ​ကျူး​လွန်​ထား​သည်​ဟု​ ​သူ​မ​လုံး​၀​ ​မ​ထင်​ကြောင်း​ ​မီ​လာ​ဘီ​က​ Twitter​တွင်​ ​ရေး​သား​ထား​သည်​။​ ​အေ​ရီ​ရယ်​သည်​ ​နိုင်ငံ​တွင်း​ရှိ​ ​လူ​သိ​များ​သော​ Celebrity​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​နှင့်​ ​လိင်​ဆက်​ဆံ​နေ​သော​ ​ပုံ​ရိပ်​ဗီ​ဒီ​ယို​များ​ ​အင်​တာ​နက်​မှ​ ​ဖြန့်​ဖြူး​မှု​ဖြင့်​ ​တ​ရား​စွဲ​ဆို​ခြင်း​ ​ခံ​ရ​ဖွယ်​ ​ရှိ​နေ​သ​လို​ ၎င်း​တို့​၏​ ​ကိ​စ္စ​သည်​ ​နိုင်ငံ​တွင်း​တွင်​သာ​မ​က​ ​က​မ္ဘာ့​သ​တင်း​မီ​ဒီ​ယာ​များ​တွင်​ပါ​ ​ဖော်​ပြ​သည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​ဖြစ်​နေ​သည်​။

​ ​မီ​လာ​ဘီ​က​ ​အေ​ရီ​ရယ်​သည်​ ​ရုပ်​ဖြောင့်​ပြီး​ ​ယောက်ျား​ပီ​သသူ​ဖြစ်​ကြောင်း​၊​ ၎င်း​နှင့်​ ​ပတ်​သက်​သည့်​ ​မိန်း​က​လေး​နှစ်ဦး​က​လည်း​ ​ချော​မော​သ​ဖြင့်​ ​အေ​ရီ​ရယ်​နှင့်​ ​လိုက်​ဖက်​ညီ​ကြောင်း​ Twitter​တွင်​ ​ချီး​ကျူး​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here