ပျော်ပါးဖို့ခေါ်ထားသည့် အမျိုးသမီး၏ သွားများကို မနှစ်သက်လို့ ပြန်လွှတ်သူ ဓားပြ တိုက်ခံရ

alt

အ​မျိုး​သ​မီး​တစ်ဦး​အား​ ​ပျော်​ပါး​ရန်​ ​ငွေ​ပေး​ရန်​ ​သ​ဘော​တူ​ထား​ပြီး​မှ​ ​သူ​မ​၏​ ​သွား​များ​ကို​ ​မ​နှစ်​သက်​သည့်​အ​တွက်​ ​ယင်း​ကိ​စ္စ​ကို​ ​ပြန်​လည်​ငြင်း​ဆန်​ရန်​ ​ကြိုး​စား​ခဲ့​သည့်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ​အ​ဆို​ပါ​ ​အ​မျိုး​သ​မီး​က​ ​ဓား​ပြ​တိုက်​သွား​ကြောင်​ ​သိ​ရ​သည်​။​

​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ဖ​လော်​ရီ​ဒါ​ ​ရဲ​တပ်​ဖွဲ့​က​ ​အ​ဆို​ပါ​ ​အ​မျိုး​သား​သည်​ ​အ​သက်(​၂၅)​နှစ်​ခန့်​ရှိ​ ​အ​မျိုး​သ​မီး​နှင့်​ ​ငွေ​ကြေး​ကိ​စ္စ​ ​ညှိ​နှိုင်း​သ​ဘော​တူ​ခဲ့​ပြီး​မှ​ ​သူ​မ​၏​ ​ရုပ်​ပျက်​ဆင်း​ပျက်​ ​ပိုး​စား​နေ​သော​ ​သွား​များ​ကို​ ​သ​တိ​ထား​ခဲ့​မိ​သည်​ဟု​ ​ ​ပြော​ကြား​ခဲ့​သည်​။​ ယင်း​ကဲ့​သို့​ ​သွား​များ​ကို​ ​တွေ့​မြင်​ရ​ပြီး​နောက်​ ​စိတ်​ပျက်​သွား​သည့်​ ​အ​မျိုး​သား​က​ ၎င်း​က​ ​သ​ဘော​တူ​ညီ​မှု​ကို​ ​ပယ်​ဖျက်​ပြီး​ ​အ​မျိုး​သ​မီး​အား​ ​ငြင်း​ဆန်​သည့်​အ​တွက်​ ​အ​မျိုး​သ​မီး​က​ ၎င်း​တွင်​ပါ​လာ​သည့်​ (​၇၈)​ဒေါ်​လာ​ကို​ ​ဓား​ပြ​တိုက်​ပြီး​ ​ထွက်​ပြေးသွား​ကြောင်း​ ​ရဲ​များ​ထံ​ ​တိုင်​ကြား​ခဲ့​သည်​။​

​နောက်​ပိုင်း​တွင်​ ​ရဲ​တပ်​ဖွဲ့​က​ ​အ​မျိုး​သ​မီး​ကို​ ​ဖမ်း​မိ​ပြီး​ ဓား​ပြ​မှု​ဖြင့်​ အ​ရေး​ယူ​ထား​သည်​။​ ​သို့​သော်​ ​ပြည့်​တန်​ဆာ​ကိ​စ္စ​ ​ဆောင်​ရွက်​ရန်​ ​ကြိုး​စား​ခဲ့​သည့်​ ​အ​မျိုး​သား​ကို​မူ​ ​တ​စုံ​တ​ရာ​ ​အ​ရေး​ယူ​ရန်​ ​အ​စီ​အ​စဥ်​ ​မ​ရှိ​ကြောင်း​လည်း​ ​ရဲ​တပ်​ဖွဲ့​က​ဆို​သည်​။​ ​ရဲ​များ​က​ ​အ​မျိုး​သမီး​၏​ ​သွား​များ​သည်​ ​လာ​ရောက်​တိုင်​ကြား​သည့်​ ​အ​မျိုး​သား​ ​ပြော​သ​ကဲ့​သို့​ ​အ​ခြေ​အ​နေ​ ​အ​တော်​ဆိုး​ကြောင်း​ ​အ​တည်​ပြု​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here