​ကိုယ်ဝန်​ဆောင်​ချိန်​တွင်​ ​ချောက​လက်​ စား​ပေး​ခြင်​း​ဖြင့်​ ​လ​မ​စေ့​​ဘဲ​ ​က​လေး​မွေး​နိုင်​ခြေ

alt

ကိုယ်ဝန်​ ဆောင်ချိန်တွင် ချော့ကလက် မှန်မှန်​ စားပေးခြင်းက လမစေ့ဘဲ ကလေးမွေးခြင်းမျိုး ကြံုလာနိုင်ခြေကို လျှော့ချ​ ပေးကြောင်း သိရှိရသည်။ ချော့ကလက် စားသုံးခြင်းသည် ကလေး​ အတွက်ရော မိခင်​ အတွက်ပါ

ကောင်းကျိုး​ ရှိစေကြောင်း သုတေသီများက​ ဆိုသည်။ အမေရိကန်​ နိုင်ငံ၊ ယေးတက္ကသိုလ်မှ သုတေသီများက ကိုယ်ဝန်ဆောင် အမျိုးသမီး (၂၅၀၀)​ ကျော်တို့၏ နေထိုင်​ စားသောက်မှုပုံစံနှင့် ၎င်းတို့​ ကလေးမွေးလာသည့် အခြေအနေတို့ကို ဆက်စပ်​ လေ့လာခဲ့ရာ ယခုလို ဖော်ထုတ်​ နိုင်ခဲ့ခြင်း​ ဖြစ်သည်။

တစ်ပါတ်လျင် ချော့ကလက် (၃)​ ကြိမ်မျှ စားခြင်းဖြင့် ကလေးမွေးချိန်မတန်ဘဲ စောမွေးခြင်း၊ ကလေး​ အသေမွေးခြင်းများ ဖြစ်နိုင်ခြေကို လျော့ကျ​ ပေးကြောင်း ပညာရှင်များက ပြောကြား​ ခဲ့သည်။ ချော့ကလက်တွင် ပါဝင်သည့် ကိုကိုးဓာတ်သည် သွေး​ လှည့်ပတ်မှု​ ကောင်းအောင် လှုံ့ဆော်​ ပေးသဖြင့် မိခင်ရော ကလေး​ အတွက်ပါ ကျန်းမာရေး ကောင်းမွန်စေပြီး မွေးဖွားရန် လွယ်ကူ​ စေကြောင်း ပညာရှင်များက ထောက်ခံ​ ခဲ့သည်။

ယေးမှ ဆရာဝန်များသည် ကိုယ်ဝန်ဆောင် ကာလတွင် မည်သည့်​ အစားအစာများက မိခင်ရော၊ ကလေး​ အတွက်ပါ ကျန်းမာရေးအရ အထောက်အကူ ဖြစ်စေမည်ကို သုတေသန ပြုခဲ့ကြခြင်း​ ဖြစ်သည်။ ယမန်နှစ်က ဆွီဒင်​ နိုင်ငံမှ သုတေသီများကလည်း တစ်ပါတ်လျင် ချော့ကလက် (၂)​ ကြိမ်မျှ စားသောက်ခြင်းဖြင့် နှလုံး​ ရောဂါ ဖြစ်ပွား​ နိုင်ခြေကို (၇၀)​ ရာခိုင်နှုန်းမျှ လျှော့ချ​ ပေးနိုင်ကြောင်း ဖော်ပြ​ ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here