ဟော်လန်တိုက်စစ်မှူးဗန်ပါစီ ကမ္ဘာ့ဖလား ရလိုကြောင်း ပြောကြား

alt

ဟော်​လန်​ တိုက်​စစ်​မှူး​ ​ရော်​ဘင်​ဗန်​ပါ​စီ​က​ ၎င်း​၏​ ရာ​ဇ​ဝင်​တွင်​ ​က​မ္ဘာ့​ဖ​လား​ကြီး​အား​ ​ကိုင်​မြှောက်​ထား​သည့်​ ​ဓာတ်​ပုံ​ကို​ ​ချန်​ထား ​ခဲ့​လို​ကြောင်း​ ​ဝန်​ခံ​ ပြော​ကြား​ခဲ့​သည်​။​ ​

က​မ္ဘာ့​ဖ​လား​ကို​ ​တစ်​ကြိမ်​မျှ​ ​မ​ရ​ခဲ့​ဖူး​သော​ ​ဟော်​လန်​သည်​ ​ယ​ခု​နှစ်​ ​ပြိုင်​ပွဲ​တွင်​ ​ဗိုလ်​လု​ပွဲ​ထိ​ ​ရောက်​နေ​ပြီး​ ၎င်း​တို့​ကဲ့​သို့​ပင်​ ​က​မ္ဘာ့​ဖ​လား​ ​တစ်​ကြိမ်​မျှ​ ​မ​ရ​ဖူး​သည့်​ ​စ​ပိန်​နှင့်​ ​တွေ့​ဆုံ​မည်​ဖြစ်​သည်​။​ ​အာ​ဆင်​နယ်​တွင်​ ​က​စား​နေ​သည့်​ ​အ​သက်(​၂၇)​နှစ်​အ​ရွယ်​ ​တိုက်​စစ်​မှူး​က​ ၎င်း​သည်​ ​ပြင်​သစ်​မှ​ ​ဇင်​နီ​ဒင်း​ဇီ​ဒိန်း​၊​ ​အာ​ဂျင်​တီး​နား​မှ​ ​ဒီ​ယေ​ဂို​ ​မာ​ရာ​ဒို​နာ​တို့​ ​က​မ္ဘာ့​ဖ​လား​ကြီး​အား​ ​ကိုင်​မြှောက်​ကာ​ ​အောင်​ပွဲ​ခံ​နေ​သည့်​ ​ဓာတ်​ပုံ​များ​ကို​ ​တွေ့​မြင်​တိုင်း​ ​ယင်း​တို့​လို​ ​အောင်​ပွဲ​ခံ​ပုံ​ရိပ်​များ​ ​သ​မိုင်း​တွင်​ ​ချန်​ထား​ခဲ့​လို​စိတ်​ ​ပေါ်​လာ​မိ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ဗန်​ပါ​စီ​က​ ​စ​ပိန်​သည်​ ​တောင့်​တင်း​သော​ ​ပြိုင်​ဖက်​ဖြစ်​ကြောင်း​ ​အ​သိ​အ​မှတ်​ ​ပြု​ခဲ့​ပြီး​ ​ဟော်​လန်​တစ်​သင်း​လုံး​ ​အ​ကောင်း​ဆုံး​ ​ကြိုး​စား​သွား​မည်​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ယင်း​က ​မာ​ရာ​ဒို​နာ​နှင့်​ ဇီ​ဒိန်း​တို့​သည်​ ​မိ​မိ​အ​နှစ်​သက်​ဆုံး​ ​က​စား​သ​မား​များ​ဖြစ်​ကြောင်း​၊​ ​မိ​မိ​၏​ ​ဘော​လုံး​သ​မား​ဘ​ဝ​တွင်​ ​က​မ္ဘာ့​ဖ​လား​ကို​ ​ဆုပ်​ကိုင်​ဖူး​မှ​သာ​ ​အ​မှန်​တ​ကယ်​ ​ပြည့်​စုံ​အောင်​မြင်​သည်​ဟု​ ​ခံ​ယူ​နိုင်​မည်​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​စ​ပိန်​နှင့်​ ​ဟော်​လန်​တို့​သည်​ ​ဇူ​လိုင်​လ​ (​၁၁)​ရက်​နေ့​တွင်​ ​ဗိုလ်​လု​ပွဲ​စဥ်​ကို​ ​ယှဥ်​ပြိုင်​ကြ​မည်​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here