ကင်ဆာကြောင့် သေဆုံးရသူ အရေအတွက် အမေရိကန်တွင် သိသာစွာ လျော့ကျ

alt

အ​မေ​ရိ​ကန်​ နိုင်ငံ​တွင်​ ​ကင်​ဆာ​ရော​ဂါ​ကြောင့်​ ​သေ​ဆုံး​ရ​သူ​ ​အ​ရေ​အ​တွက်​ ​သိ​သိ​သာ​သာ​ ​လျော့​ကျ​ လာ​ကြောင်း​ ​စစ်​တမ်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​

အ​မေ​ရိကန်​ ​ကင်​ဆာ​သု​တေ​သ​န​ ​ဌာ​န​က​ ​ကောက်​ယူ​ထား​သော​ ​စစ်​တမ်း​များ​အ​ရ​ ၁၉၉၀​ ပြည့်​လွန်​ နှစ်​ ​အ​စော​ပိုင်း​ ​ကာ​လ​များ​တွင်​ ​ကင်​ဆာ​ဖြင့်​ ​လူ​ပေါင်း ​၇၆၇၀၀၀ ကျော်​ ​သေ​ဆုံး​ခဲ့​သော်​လည်း​ ​ဆယ်​စု​နှစ်​ ၂ ခု​မျှ​ ​ကြာ​မြင့်​လာ​ချိန်​တွင်​ ​ယင်း​နှုန်း​ကို​ ​သိ​သာ​စွာ​ ​လျှော့​ချ​ လိုက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​

၂၀၀၇​ ခု​နှစ်​က​ထိ​ ​လေ့​လာ​မှု​များ​အ​ရ​ ​လူ​ပေါင်း ၁၀၀၀၀၀ တွင်​ ၁၇၈.​၄ ဦး​ သာ​ ​ကင်​ဆာ​ဖြင့်​ ​သေ​ဆုံး​တော့​ကြောင်း​ ​သိ​ရ​သည်​။​ ​ယင်း​သည်​ ​လွန်​ခဲ့​သော​ ​နှစ်​အ​နည်းငယ်​နှင့်​ ​နှိုင်း​ယှဥ်​ပါ​က​ ၁.​၃ ရာ​ခိုင်​နှုန်း​ ​လျော့​ကျ​ သွား​ခြင်း​ဖြစ်​သည်​။​ ​၁၉၉၀ ​ပြည့်​လွန် ​နှစ်​များ​နှင့်​ ​နှိုင်း​ယှဥ်​ပါ​က​ ကင်​ဆာ​ဖြင့်​ ​သေ​ဆုံး​မှု​ကို​ ​အ​မျိုး​သား​များ​တွင်​ ၂၁ ရာ​ခိုင်​နှုန်း​၊​ ​အ​မျိုး​သ​မီး​များ​တွင်​ ​၁၂ ​ရာ​ခိုင်​နှုန်း​မျှ​ ​လျှော့​ချ​ လိုက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​ ​ကင်​ဆာ​သု​တေ​သ​န​ ​ဌာ​န​မှ​ ​ဒေါက်​တာ​အာ​မင်​ဒီ​ ​ဂျီ​မာ​က​ ​ဆေး​ပ​ညာ​များ​ ​ထွန်း​ကား​လာ​ခြင်း​နှင့်​ ​ရော​ဂါ​ကု​သ​မှု​ ​နည်းလမ်း​များ​ ​ဆန်း​သစ်​လာ​ခြင်း​က​ ​ယ​ခု​ကဲ့​သို့​ ​အ​ကျိုး​ကျေး​ဇူး​ ​ဖြစ်​ထွန်း​စေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ကင်​ဆာ​ သု​တေ​သ​န​ ​ဌာ​န​က​ ​အ​မေ​ရိ​ကန်​တွင်​ ​ယ​ခု​နှစ်​အ​တွင်း​ ​ကင်​ဆာ ​ရော​ဂါ​ရှင်​ အ​သစ်​ ၁၅၂၉၅၆၀ ​တိုး​ပွား​ လာ​သည်​ဟု​ ​ခန့်​မှန်း​ထား​ပြီး​ ​လူ​ပေါင်း ၅၆၉၄၉၀ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​တို့​ အ​နက်​ ​ကင်​ဆာ​ဖြစ်​ပွား​သူ​ရော​၊​ ​သေ​ဆုံး​သူ​များ​တွင်​ ​အ​မျိုး​သားဦး​ရေ​က​ ​အ​တန်ငယ်​ ​ပို​များ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here