​အ​မေ​ရိကန်​တွင်​ ​ဖမ်း​ဆီး​ ရ​မိ​သည့်​ ​ရု​ရှား​ စ​ပိုင်​မျာ​ ​ရု​ရှား​ နိုင်ငံ​သို့ ​ပြန်​ပို့​

alt

အမေရိကန်တွင် ဖမ်းဆီး ရမိသူ ရုရှား စပိုင်များအား ရုရှားသို့ ပြန်ပို့ လိုက်ပြီ ဖြစ်သည်။ နယူးယောက် တရားရုံးတွင် အမေရိကန်သို့ ဆယ်စုနှစ်မျှ စပိုင် အဖြစ် ထောက်လှမ်းမှုများ ပြုလုပ် ခဲ့သည်ဟု ဝန်ခံ ခဲ့သူ (၁၀)​ ဦးအား

အမေရိကန်နှင့် ရုရှား အစိုးရများ ညှိနှိုင်းပြီးနောက် ပြည်နှင်ဒဏ် ချမှတ်ကာ အမေရိကန်မှ နှင်ထုတ် ခဲ့သည်။ ယင်းတို့သည် အမေရိကန်သို့ မည်သည့် အခါမျှ ဝင်ရောက်ခွင့် ရတော့မည် မဟုတ်ချေ။

စပိုင် (၁၀) ဦး အနက် လူသိ အများဆုံး ဖြစ်နေသည့် အန်နာချပ်မင်းမှာမူ သူမ၏ အိမ်ထောင်ရှိရာ ဗြိတိန်သို့ ပြန်ရန် စီစဥ်ထားပြီး ကျန် (၉) ဦးမှာမူ ရုရှားသို့ ပြန်ဖွယ် ရှိနေသည်။ အသက် (၂၈) နှစ်အရွယ်ရှိသော အန်နာသည် ရုရှား စစ်ဖက် အရာရှိ တစ်ဦး၏ သမီး ဖြစ်ပြီး ဗြိတိန်တွင် နေထိုင်သည်မှာ (၅) နှစ် ကျော်ပြီ ဖြစ်သည်။ သူမသည် ရုရှားမှ ထောက်လှမ်းရေး အဖွဲ့အား Laptop ဖြင့် ဆက်သွယ် လေ့ရှိခဲ့ကြောင်း ဝန်ခံ ထားသည်။ သူမ အနေနှင့် ရုရှားတွင်ရော၊ ဗြိတိန်တွင်ပါ တစ်လှည့်စီ နေသွားဖွယ် ရှိနေကြောင်း အန်နာ၏ ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့သည့် ရောဘတ်ဘိုအမ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ (၁၁) ယောက်မြောက် ရုရှား သူလျှိုဟု ယူဆ ရသည့် ပုဂ္ဂိုလ်မှာမူ ဥရောပတွင် ခြေရာ ဖျောက်သွားခဲ့သည်။

အမေရိကန်နှင့် ရုရှားတို့သည် ယခု စပိုင် ကိစ္စကြောင့် အကြေအလည် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရပြီး နောက်ဆုံး သဘောတူညီချက် ရယူ ခဲ့ရမှုသည် စစ်အေး ခေတ်ကာလ နောက်ပိုင်း အကြီးမားဆုံး စပိုင် အရှုပ်တော်ပုံ အဖြစ် သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ စပိုင် ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ရုရှားအစိုးရများသည် ပွင့်လင်းသော ထုတ်ပြန် ကြေညာချက်မျိုးများ မပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here