အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် ဗုံးပေါက်ကွဲမှု ရှီးယား မွတ်ဆလင် အများအပြား သေဆုံး

alt

အီ​ရတ်​နိုင်ငံ​၊​ ​ဘ​ဂ္ဂ​ဒက်​မြို့​တွင်​ ဗုံး​ပေါက်​ကွဲ​မှု​များ​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​ရှီး​ယား​မွတ်​ဆ​လင်​ ​ဘု​ရား​ဖူး​များ​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ဘ​ဂ္ဂ​ဒက်​ ​အ​ရှေ့​ပိုင်း​တွင်​ ​လမ်း​ဘေးဗုံး​တစ်​လုံး​ ​ပေါက်​ကွဲ​ခဲ့​ရာ​ ​လူ (​၄) ဦး​ ​သေ​ဆုံး​ပြီး​

​ဘ​ဂ္ဂ​ဒက်​ ​တောင်​ပိုင်း​တွင်​ ​ကား​ဗုံး​တစ်​လုံး​ ​ပေါက်​ကွဲ​ရာ​ ​အ​နည်း​ဆုံး​ ​လူ(​၁)ဦး​ ​သေ​ဆုံး​ကြောင်း​ ​သိ​ရ​သည်​။​ ​ဇူ​လိုင်​လ​ (၇)​ရက်​နေ့​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​ဗုံး​ကွဲ​မှု​များ​မ​တိုင်​မီ​ ​တစ်​ရက်​က​လည်း​ ​ဗုံး​ထောင်​တိုက်​ခိုက်​မှု​များ​ကြောင့်​ ​လူ​ပေါင်း(​၄၀)​ကျော်​ ​သေ​ဆုံး​ကာ​ (​၁၀၀)​ကျော်​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​သည်​။​ ​မူ​ဆာ​အယ်​ခါ​ဟင်​ ​ဘာ​သာ​ရေး​ ​အ​ထွတ်​အ​မြတ်​ ​နေ​ရာ​သို့​ ​လူ​ပေါင်း(​၁)​သန်း​ကျော်​ ​လာ​ရောက်​ကြ​သည့်​ ​ပွဲ​တော်​ချိန်​ကို​ ဦး​တည်​တိုက်​ခိုက်​မှု​များ​ကြောင့်​ ​အီ​ရတ်​ရဲ​တပ်​ဖွဲ့​အ​တွ​က်​ ​တား​ဆီး​ရန်​ ​အ​ခက်​အ​ခဲ​များ​ ​ကြံု​နေ​ရ​သည်​။​

​အီ​ရတ်​ရဲ​တပ်​ဖွဲ့​၀င်​ ​သောင်း​နှင့်​ချီ​ ​တပ်​ဖြန့်​ထား​သော်​လည်း​ ​ဗုံး​ခွဲ​မှု​များ​ကို​ ​ဟန့်​တား​နိုင်​ခဲ့​ခြင်း​ ​မ​ရှိ​ပေ​။​ ​အီ​ရတ်​တွင်​ ​အ​မေ​ရိ​ကန်​တပ်​များ​ ​ဆုတ်​ခွာ​ပြီး​နောက်​ ​ရှီး​ယား​နှင့်​ ​ဆွန်​နီ​ ​မွတ်​ဆ​လင်​မျိုး​နွယ်​စု​များ​ကြား​ ​တိုက်​ခိုက်​မှု​များ​ ​ပို​မို​ပြင်း​ထန်​လာ​နေ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here