Avatar​ ​ဇာတ်​ကား​ကို​ ​အ​မေ​ရိကန်​တွင်​ Special​ Edition​​ အ​ဖြစ်​ ​ပြန်​လည်​​ ရုံ​တင်​ပြ​သ​မည်

alt

Avatar​ ဇာတ်ကားကို အမေရိကန်ရှိ ရုပ်ရှင်ရုံများတွင် Special Edition အဖြစ် ပြန်လည် ရုံတင် ပြသ သွားမည်ဟု သိရသည်။ ဒါရိုက်တာ ဂျိမ်း ကင်မရွန် ရိုက်ကူးပြီး မင်းသား ဆမ်ဝါသင်တန်၊

မင်းသမီး ဇိုးဆယ်ဒါနာတို့ ပါဝင်သည့် ဇာတ်ကားသည် ကမ္ဘာ့​ ရုပ်ရှင်​ သမိုင်းတွင် ရုံဝင်ကြေး ဒေါ်လာ (၂) ဘီလျံအထက် ရရှိသည်​ အထိ အောင်မြင်ခဲ့သည့် တစ်ခု​ တည်းသော ဇာတ်ကားလည်း​ ဖြစ်သည်။

ယခု​ တစ်ဖန် ရုံတင်မည့် Special Edition​ တွင် ယခင်က ပြသ​ ခဲ့ဖူးခြင်း မရှိသေးသည့် (၈) မိနစ်စာ မြင်ကွင်းသစ်များ ပါဝင်မည်​ ဖြစ်သည်။ ယင်း​ ဇာတ်ကားကို Digital 3D Version ဖြင့်သာ ခံစား​ ကြည့်ရှု​ နိုင်မည်​ ဖြစ်ပြီး ဩဂုတ်လ (၂၇) ရက်နေ့တွင် အမေရိကန်ရှိ 3D​ ရုပ်ရှင်ရုံများ​ အတွင်း ပြသ​ သွားမည်​ ဖြစ်သည်။

ယင်း Special Edition နှင့် ပတ်သက်ပြီး ကင်မရွန်က ပရိသတ်များအနေနှှင့် အဆင့်မြင့် နည်းပညာများ အသုံးပြု ဖန်တီး​ ထားသည့် ပန်ဒိုရာ လကြီး၏ ရှုမျှော်ခင်းသစ်များကို ပိုမို​ ခံစားရမည်ဟု ပြောကြားထားသည်။ ကင်မရွန်သည် Avatar ဇာတ်ကား နောက်ဆက်တွဲကို ဆက်လက်​ ရိုက်ကူးရန် ပြင်ဆင်​ နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here