လှေစီးနေရင်း ငါးကိုက်ခံရသည့် အမေရိကန် ဆယ်ကျော်သက် မိန်းကလေး

alt

အ​မေ​ရိ​ကန်နိုင်ငံ​မှ​ ဆယ်​ကျော်​သက်​မိန်း ​က​လေး​တစ်ဦး​သည် လှေ​စီး​နေ​ရင်း​ ရေ​ပေါ်​ ခုန်​တက်​ လာ​သည့်​ငါး​တစ်​ကောင်​က​ ကိုက်​လိုက်​ ခြင်း​ကြောင့် လက်​တွင် ​၅၁ ချက်​ချုပ်​ လိုက်​ရ​ကြောင်း​ သိ​ရ​သည်​။​

အသက် ​၁၄ ​နှစ်​သာ ရှိ​သေး​သည့်​ကို​ရယ်​ဝီ​ယာ​သည်​ဖ​ခင်​ဖြစ်​သူ​ရော့​ပါ​ကား​နှင့်​ဖ​လော်​ရီ ​ဒါ​တွင် ငါး​ဖမ်း​ရန်​လိုက်​ပါ​လာ​စဥ်​ယ​ခု​လို​ငါး​တစ်​ကောင်​က​တိုက်​ခိုက်​မှု​ခံ ​ရ​ခြင်းဖြစ်​သည်​။ သူ​မ​သည်​မိ​သား​စု​ပိုင်​ရွက်​လှေ​ဘောင်​ပေါ်​ထိုင်​နေ​စဥ်​အ​ရှည် ၄ ပေ​ ရှိ​သော ငါး​သိုင်း​တစ်​ကောင်​က​ရေ​ပေါ်​ခုန်​တက်​ကာ​ကိုက်​ခဲ​ခြင်း​ကို​ခံ​ရ​ခြင်း ​ဖြစ်​သည်​။ ကို​ရယ်​၏​ဖ​ခင်​သည်​ထို​နေ​ရာ​တွင်​ငါး​မန်း​ဖမ်း​ရန်​ရောက်​ရှိ​နေ​ခြင်း​ ဟု သိ​ရ​သည်​။​ကို​ရယ်​က​ငါး​သိုင်း​သည်​ရေ​ထဲ​မှ​ကျည်​ဆံ​တစ်​ခု​သ​ဖွယ်​ပျံ​ သန်း​ထွက်​ခွာ​လာ​ကာ သူ​မ​အား​ကိုက်​ခဲ​ခြင်း​ဟု​ဆို​သည်​။​​

ငါး​သိုင်း​သည်​ တစ်​မီ​တာ​ကျော်​ ကျော် အ​မြင့်​ထိ​ခုန်​ကာ​လှိုင်း​မူး​သ​ဖြင့်​အ​ရိပ်​ရ​သော​နေ​ရာ​တွင်​အ​နား​ယူ​ နေ​သည့် မိန်း​က​လေး​အား​ကိုက်​ခဲ့​ခြင်း​ဟု​သိရ​သည်​။​ သူ​မ​က​ငါး​သိုင်း​၏​မေး​ ရိုး​များ​ကို​ပင် မြင်​လိုက်​ကြောင်း​၊​ အ​စွယ်​များ​သည်​အ​လွန်​ကြောက်​စ​ရာ​ကောင်း​ကြောင်း​ ပြန်​လည်​ပြော​ပြ​ခဲ့​သည်​။ ငါး​သိုင်း​များ​တွင်​ချွန်​မြ​သော​သွား​များ​ရှိ​တတ်​ပြီး​၎င်း​တို့​သည်​ ကိုက်​ခဲ​ထား​ပါ​က သား​ကောင်​ကို​မ​လွတ်​အောင်​ထိန်း​သိမ်း​ထား​နိုင်​သည်​။​ ကို​ရယ်​အား​ကိုက် ​ခဲ​သည့် ငါး​သိုင်း​ကို​သူ​မ​၏​ဖ​ခင်​က​အ​သေ​ဖမ်း​မိ​ခဲ့​သည်​။​ အ​ဆို​ပါ​သ​တ္တ​ဝါ​၏ ကိုက်​ခဲ​မှု​ကို​ခံ​ခဲ့​ရ​သည့်​သ​မီး​ဖြစ်​သူ​၏​လက်​မောင်း​မှာ​ချေ​ထား​ သော ဟမ်​ဘာ​ဂါ​တစ်​လုံး​နှယ်​ဖွာ​လံ​ကြဲ​သွား​ကြောင်း​မိ​ခင်​ဖြစ်​သူ​ဒိုင်​နာ​ က​ဆို​သ​ည်​။

ငါး​သိုင်း​များ​သည်​ လူ​ကို​ တိုက်​ခိုက်​တတ်​သည်​မှန်​သော်​လည်း​နှစ်​ ပေါင်း(​၁၀၀)​အ​တွင်း ယင်း​ကဲ့​သို့​ကိ​စ္စ​မျိုး​ (​၂၅)​ ကြိမ်​မျှ​သာ​ကြံု​တွေ့​ဖူး​ကြောင်း​ သိ​ရ သည်​။ အ​ဆို​ပါ​ ငါး​များ​ကို ​ဩ​စ​တြေး​လျ​နှင့်​ သ​မ​ပိုင်း​ဇုန်​သ​မု​ဒ္ဒ​ရာ​များ ​တွင် တွေ့​ရ​လေ့​ရှိ​သည်​။​ ကို​ရယ်​သည်​ငါး​သိုင်း​ကိုက်​ခံရ​သည့်​နေ​ရာ​နား​ သို့ လုံး​၀​ပြန်​မ​သွား​လို​တော့​ကြောင်း​ဝန်​ခံ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here