Facebook​ ကို Privacy ဖောက်ဖျက်မှုများ အတွက် ဂျာမနီ အစိုးရ အရေးယူမည်

alt

ဂျာ​မ​နီ​နိုင်ငံ​သည်​ Facebook​​ ၏​ Privacy​ ​ဖောက်​ဖျက်​မှု​များ​အ​တွက်​ ​တ​ရား​ရေး​အ​ရ​ ​အ​တည်​ပြု​ ​အ​ရေး​ယူ​သွား​မည်​ဖြစ်​သည်​။​ ​ဂျာ​မန်​တာ​ဝန်​ရှိ​သူ​များ​က​ ​က​မ္ဘာ​ကျော်​ Social​ Networking​ ဝက်​ဆိုက်​ကြီး​သည်​ ၎င်း​အား​ ​အ​သုံး​မ​ပြု​သည့်​

User​များ​ထံ​မှ​ ​ကိုယ်​ရေး​အ​ချက်​အ​လက်​များ​ကို​ သိမ်း​ဆည်း​ထား​ကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။​ ​ယင်း​ကိ​စ္စ​တွင်​ ​အ​တည်​ပြု​ ​ပြစ်​ဒဏ်​ချ​မှတ်​ခဲ့​ပါ​က​ Facebook​သည်​ ​ယူ​ရို​ငွေ​ ​ထောင်​နှင့်​သောင်း​နှင့်​ချီ​ ​ပေး​ဆောင်​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​ဂျာ​မ​နီ​၏​ Privacy ​ဆိုင်​ရာ​ ဥ​ပ​ဒေ​များ​အ​ရ​ Facebook​ ၏​ ​လုပ်​ဆောင်​ချက်​များ​မှာ​ ​ဘောင်​အ​ပြင်​ ​ရောက်​နေ​ပြီး​ Facebook​ က​လည်း​ ​ဂျာ​မန်​တ​ရား​ရေး​ဌာ​န​မှ​ ​ပေး​စာ​ကို​ ​လက်​ခံ​ရ​ရှိ​ထား​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ဟမ်း​ဘတ်​မြို့​ရှိ​ ​ကိုယ်​ရေး​အ​ချက်​အ​လက်​ ​ကာ​ကွယ်​ရေး​ ​အာ​ဏာ​ပိုင်​အဖွဲ့​မှ​ ​ဂျို​နား​ကက်​စ​ပါ​က​ ​မိ​မိ​တို့​သည်​ Facebook​ က​ Third​ Person​ ​ကြား​လူ​များ​၏​ ​အ​ချက်​အ​လက်​များ​ကို​ ​သိမ်း​ဆည်း​စု​ဆောင်း​ထား​မှု​ကို​ ​အ​တိ​အ​ကျ​ ​စီ​စစ်​ဖော်​ထုတ်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ Facebook​ သည်​ ​ယင်း​အ​ချက်​များ​ကို​ ​သိမ်း​ဆည်း​ထား​ကြောင်း​ Pubiish ​လုပ်​ ​ဖော်​ပြ​လေ့​မ​ရှိ​ဟု​ဆို​သည်​။​

​ဆွစ်​ဇာ​လန်​သည်​လည်း​ ​အ​လား​တူ​ ​အ​ခြေ​အ​နေ​အ​တွက်​ Facebook​၏​ ​လုပ်​ဆောင်​မှု​ကို​ ​လေ့​လာ​ဆန်း​စစ်​နေ​ကြောင်း​ သိ​ရှိ​ရ​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ ​သုံး​စွဲ​သူ​ ​သန်း(​၅၀၀)​ကျော်​ ​ရှိ​လာ​ပြီ​ဖြစ်​သော​ Facebook​သည်​ ​ယ​ခင်​က​လည်း​ Privacy​နှင့်​ဆိုင်​သည့်​ ​ပြင်း​ထန်​သော​ ​ဝေ​ဖန်​မှု​များ​ ​ကြံု​ခဲ့​ရ​ဖူး​ကြောင်း​ ​သိ​ရှိ​ရသည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here