အိမ်ထောင်သည်နှင့်​ ခိုးရာလိုက်သည့် သမီးဖြစ်သူအား ပစ်သတ်

alt

အိန္ဒိယနိုင်ငံရှိ အမျိုးသားကြီး တစ်ဦးသည် အိမ်ထောင်သည် တစ်ဦးနှင့် ခိုးရာ​ လိုက်သွားသည့်​ အတွက် ဆယ်ကျော်သက်​ အရွယ် သမီးအား ပစ်သတ်ခဲ့ကြောင်း သိရသည်။

အသက်(၁၅)နှစ်သာ ရှိသေးသည့် ကယ်ပါနာသည် ပြီးခဲ့သည့်လက လူတန်းစား မတူသည့် ဆန်တီရယ်ကီဝက် ဆိုသူနှင့် လိုက်ပြေး​ သွားရာ လူတန်းစား ခွဲခြားမှု အလွန်​ ကြီးမားသည့် ဟိန္ဒူ​ လူမှုဝန်းကျင်တွင် ဖခင်ဖြစ်သူ မွန်နားယာဒက်​ အတွက် အကြီးအကျယ် အရှက်​ ရစရာ ဖြစ်ခဲ့ရသည်။ အလွန်​ ဒေါသ​ ထွက်နေသည့် ယာဒက်သည် ဇူလိုင်လ (၅)​ ရက်နေ့က သမီး​ ဖြစ်သူအား ပြန်ရှာ​ တွေ့ပြီးနောက် အိမ်သို့​ ပြန်ခေါ်လာကာ သတ်ပစ်​ ခဲ့ခြင်း​ ဖြစ်ကြောင်း သိရသည်။

ရဲများက ယာဒက်သည် သမီးအား ပစ်မသတ်မီ သားအဖချင်း စကားများ​ ခဲ့သေးသည်ဟု ပြောကြားခဲ့သည်။ ယာဒက်က ၎င်းသည် ကယ်ပါနာအား မိသားစုကို နာမည်ဖျက်သည့်​ အတွက် ပစ်သတ်​ လိုက်ကြောင်း၊ ယခု​ လုပ်ရပ်ကြောင့် ၎င်း၏ အခြားသမီး (၃)​ ယောက်သည် လက်ထပ်ရာတွင် အောက်ကျ​ နောက်ကျ​ ဖြစ်မည့် အခြေအနေသို့ ရောက်သွား​ ရကြောင်း ရဲများအား ဖြောင့်ချက်​ ပေးသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here