အဆိုတော် မင်းသမီး လင်ဆေးလိုဟန်အား ရက်ပေါင်း​ ၉၀ ထောင်ဒဏ်​ ချမှတ်

alt

အမေရိကန် အဆိုတော် မင်းသမီး လင်းဆေး​ လိုဟန်သည် ထောင်ဒဏ်​ ရက်ပေါင်း​ (၉၀) ပြစ်ဒဏ်​ ချမှတ်ခြင်း ခံလိုက်​ ရကြောင်း သိရသည်။ အရက်မူးပြီး ကားမောင်းမှု နှစ်ခု​ အတွက် (၂၀၀၇)​ ခုနှစ်ကတည်းက ဆိုင်းငံ့လာသော

တရားစီရင်မှုကို အပြီးသတ် စစ်ဆေး​ ခဲ့ပြီးနောက် ဇူလိုင်လ (၆)​ ရက်နေ့က ဘီဗီလီဟေး တရားရုံးမှ တရားသူကြီး မာရှာရာဗယ်က ယခု​ စီရင်ချက်အား အပြီးသတ် ချမှတ်​ လိုက်ခြင်းဖြစ်သည်။

လိုဟန်၏ ရှေ့နေက သူမ၏ အမှုသည်မှာ ကောင်းမွန်စွာ ဆင်ခြင်​ နေထိုင်ခဲ့သဖြင့် ပြင်းထန်သော ပြစ်ဒဏ်မျိုး မချမှတ်ရန် တရားသူကြီးထံ အသနား​ ခံခဲ့သော်လည်း မာရှာက ခြွင်းချက်မရှိ ယခု​ ပြစ်ဒဏ်ကို အတည်ပြု​ လိုက်ခြင်း​ ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ လိုဟန်သည် ယခုစီရင်ချက်ကြောင့် မယုံနိုင်အောင် ဖြစ်သွားကာ မျက်ရည်များပင် ကျခဲ့ရသည်။ လိုဟန်သည် မကြာသေးမီကလည်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် အချိန်ပြည့် စောင့်ကြည့်သော နည်းပညာသုံး လက်ပတ် တစ်ခု တပ်ဆင်​ ထားရသည်။

လိုဟန်က သူမ၏ အနုပညာ လုပ်ငန်းများ​ အတွက် ကြိုတင်​ စီစဥ်​ ထားသဖြင့် ငဲ့ညှာပေးရန် တောင်းပန်​ ခဲ့သေးသော်လည်း တရားသူကြီးက ပြစ်ဒဏ်​ ကို အတည်ပြုခဲ့သည်။ လိုဟန်သည် အဆိုပါ ရက်​ (၉၀) ထောင်ဒဏ်ကို ဇူလိုင်လ (၂၀)​ ရက်နေ့တွင် စတင်​ ကျခံ ရမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here