ဂါဇာသို့တင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်းများ​ စာရင်း အစ္စရေး​ ကြေညာ

alt

အ​စ္စ​ရေး​​ နိုင်ငံ​က ဂါ​ဇာ​သို့​​ တင်​ပို့​ရန်​ခွင့်​ပြု​သည့်​​ ကုန်​​ ပ​စ္စည်း​များ​ ​စာ​ရင်း​ကို အ​တည်​ပြု​​ ကြေ​ညာ​​ ပေး​လိုက်​သည်​။​​ ယင်း​​ စာ​ရင်း​များ​​ အ​ရ​​ လက်​နက်​ကဲ့​သို့​ ပါ ပြောင်း​လဲ​​ နိုင်​မည့်​​ နှစ်​မျိုး​​ နှစ်​စား​​ အ​သုံး​ဝင်​သော​​ ပ​စ္စည်း​များ​ ကို တား​မြစ်​​ ထား​ကြောင်း​သိ​ရ​သည်​။​

ဂါ​ဇာ​ရှိ​​ ပါ​လက်​စ​တိုင်း​ ​ဒု​က္ခ​သည်​ များ​ထံ​သို့ ရိ​က္ခာ​နှင့်​အ​ခြား​သော​ ​ပ​စ္စည်း​အ​ချို့​ကို​မူ​​ အ​စ္စ​ရေး​​ လုံ​ခြံု​ရေး တပ်​ဖွဲ့​များ​က​ ​စီ​စစ်​ပြီး​ ​ဖြတ်​သန်း​​ ပို့​ဆောင်​​ ခွင့်​ပြု​မည်​ဖြစ်​သည်​ ။ ယင်း​မှာ​ကာ​လ​ကြာ​ရှည်​စွာ​ပိတ်​ဆို့​ထား​သည့်​ဂါ​ဇာ​ဒေ​သ​သို့​အ​စ္စ​ရေး​ က ပ​ထ​မ​ဆုံး​အ​ကြိမ်​ထောက်​ပံ့​ရေး​ပ​စ္စည်း​များ​ပြန်​လည်​ပို့​ဆောင်​ခွင့် ​ကို တ​ရား​ဝင်​လက်​ခံ​ပေး​လိုက်​ခြင်း​လည်း​ဖြစ်​သည်​။​အ​စ္စ​ရေး​တို့​၏​ရန်​သူ ​တော် ဟား​မတ်​အုပ်​စု​များ​ကြီး​စိုး​နေ​သည့်​အ​စိုး​ရ​၏​ထိန်း​ချုပ်​မှု​အောက် ကျ​ရောက်​နေ​သည့်​​ ဂါ​ဇာ​ကို​အ​စ္စ​ရေး​က​ ​ပိတ်​ဆို့​ထား​သော်​လည်း​တူ​ရ​ကီ ထောက်​ပံ့​ရေး​သ​င်္ဘော​ကိ​စ္စ​နောက်​ပိုင်း​​ နိုင်ငံ​တ​ကာ​ဖိ​အား​ပေး​မှု​ များ တိုး​မြင့်​လာ​ခြင်း​ကြောင့်​ယ​ခု​လို​အ​ကန့်​အ​သတ်​ဖြင့်​ဖွင့်​ပေး​ခဲ့​ ခြင်း​ဖြစ်​သည်​။

အ​စ္စ​ရေး​ဝန်​ကြီး​ချုပ်​ဘင်​ဂျ​မင်​နာ​တန်​ယာ​ဟူ​က​ထောက်​ပံ့​ရေး​သ​ င်္ဘော​များ​မှ​တ​ဆင့် ဟား​မတ်​တို့​ထံ​သို့​လက်​နက်​များ​တင်​သွင်း​ပေး​ပို့​မှု​များ​ဖြစ်​လာ​ နိုင်​ကြောင်း သ​တိ​ပေး​ထား​သည်​။​ယင်း​သည်​အ​ရှေ့​အ​လယ်​ပိုင်း​ဒေ​သ​အ​တွင်း​အ​စ္စ​ရေး​၏ ရပ်​တည်​မှု​နှင့်​စပ်​လျဥ်း​ပြီး​ဆွေး​နွေး​ရန်​အ​မေ​ရိ​ကန်​သ​မ္မ​တ​ဘာ​ ရတ်​အို​ဘား​မား​နှင့် ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ဝါ​ရှင်​တန်​သို့​သွား​ရောက်​တွေ့​ဆုံ​မည်​ဖြစ်​ သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here