ဆေးလိပ်သောက်သူများ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စားသုံးသင့်

alt

ဆေးလိပ်သောက်သူများသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီး​ ဝလံများ စားပေးခြင်းဖြင့် ကင်ဆာ​ ရောဂါ ဖြစ်နိုင်ခြေ မြင့်မားလာမှုကို ကာကွယ်​ နိုင်ကြောင်း သုတေသီများက အကြံပြု ပြောကြား​ လိုက်သည်။

ဆေးလိပ်​ သောက်ခြင်းကြောင့် အဆုပ်​ ကင်ဆာ ဖြစ်နိုင်ခြေ တိုးပွား​ လာခြင်းအား ယင်းကဲ့သို့ အသီး​ အရွက်များ စား​ ပေးခြင်းဖြင့် လျှော့ချ​ နိုင်ကြောင်း လူ​ (၇၀၀)​ ကျော်၏ နေထိုင်​ စားသောက်မှု အလေ့​ အထများကို စောင့်ကြည့်​ မှတ်တမ်း​ ပြုစုပြီးနောက် ဖော်ထုတ်​ နိုင်ခဲ့​ခြင်း​ ဖြစ်သည်။ အမေရိကန်​ နိုင်ငံ ရင်ပိုင်း​ ဆိုင်ရာ ဆေးပညာ​ ဌာနမှ သုတေသီများက နေ့စဥ် ခပ်ကြီးကြီး သစ်သီး​ တစ်လုံး​ ခွဲမျှ​ ဖြစ်စေ၊ စားပွဲတင်​ ဇွန်းကြီး တစ်ခုစာမျှ ဟင်းသီး​ ဟင်းရွက်များကို​ ဖြစ်စေ စား​ ပေးခြင်းဖြင့် အဆုတ်​ ရောဂါနှင့် လေပြွန်များ ရောင်ရမ်းမှု​ တို့ကို လျော့နည်း​ ကျဆင်း​ စေကြောင်း ပြောကြားခဲ့သည်။

အသီးအရွက်ကို အဓိက စားသုံးသူများသည် အဆုပ်ကင်ဆာ ဖြစ်နိုင်ခြေ (၆၀)ရာခိုင်နှုန်းမျှ ကျဆင်းနိုင်သလို မုန်လာဥနီကဲ့သို့ သစ်ဥသစ်ဖုများ စားသုံးလေ့ရှိသူများသည် အဆုပ်ကင်ဆာကို သာမန်ထက် (၅၀)ရာခိုင်နှုန်း တားဆီးနိုင်ကြောင်း သိရသည်။ အခြားလေ့လာမှု တစ်ခုကလည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် ကျန်းမာရေးကို အထောက်အကူပြုသည့် alpha-carotene၊ beta-caroteneနှင့် lycopeneစသည့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ကြောင်း ထောက်ခံထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here