ကမ္ဘာ့ဖလား​ ဆု​ တံဆိပ်ရုပ်တွင် ကိုကင်းထည့်သယ်ဆောင်မှု ကိုလံဘီယာ​ ရဲတပ်ဖွဲ့ ဖော်ထုတ်

alt

က​မ္ဘာ​တ​ဝှမ်း​တွင်​က​ မ္ဘာ့​ဖ​လား​ဘော​လုံး​ပွဲ​ရော​ဂါ​ထ​နေ​မှု​ကို အ​ခွင့်​ကောင်း​ယူ​ကာ​မူး​ယစ်​ဆေး​ဝါး​ မှောင်​ခို​မှု​ပြု​လုပ်​ရန်​စီ​စဥ်​ခဲ့​မှု တစ်​ခု​ကို​ကို​လံ​ဘီ​ယာ​ရဲ​တပ်​ဖွဲ့​က​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။

​၎င်း​ တို့​သည် က​မ္ဘာ့​ဖ​လား​ဆု​တံ​ဆိပ်​သဏ္ဍန်​ပ​လပ်​စ​တစ်​ဖြင့်​ပြု​လုပ်​ပြီး​ကို​ကင်း များ ထည့်​ထား​သည့်​ရုပ်​တု​တစ်​ခု​အား​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ကို​လံ​ဘီ​ ယာ​နိုင်ငံ​၊ ဘို​ဂို​တာ​မြို့​တော်​လေ​ဆိပ်​မှ​မူး​ယစ်​ဆေး​ဝါး​တိုက်​ဖျက်​ရေး​တာ​ဝန်​ ခံ အ​ကြီး​အ​ကဲ​ဗိုလ်​မှူး​ကြီး​ဂျိုး​ပ​ရီ​ဒယ်​တာ​က​(​၃၆)လက်​မ​အ​မြင့်​ရှိ​ သည့် အ​ဆိုပါ​ရုပ်​တု​အား​စ​ပိန်​နိုင်ငံ​၊​မက်​ဒ​ရစ်​မြို့​သို့​ဦး​တည်​ထား​ သည့် အ​ထုပ်​တစ်​ခု​အ​တွင်း​မှ​တွေ့​ရှိ​ခဲ့​ခြင်း​ဟု​ပြော​ကြား​ခဲ့​သည်​။​​ ရုပ်​ တု​ကို ရွှေ​ရောင်​ဆေး​သုတ်​ထား​ပြီး​အောက်​ပိုင်း​တွင်​အ​စိမ်း​ရောင်​များ​ခြယ်​ ထား​သည်​ဟု​ဆို​သည်​။ ဇူ​လိုင်​လ​(​၄)​ရက်​နေ့​က​ဓာတ်​ခွဲ​စမ်း​သပ်​မှု​များ​ပြု​လုပ်​ပြီး​နောက် ရုပ်​တု​ထဲ​တွင်​ကို​ကင်း(​၁၁)​ကီ​လို​ဂ​ရမ်​ထည့်​ထား​ကြောင်း​ကို​လံ​ဘီ​ယာ ရဲ​များ​က​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​​

ကို​လံ​ဘီ​ယာ​နိုင်ငံ​မှ​မူး​ယစ်​ဆေး​ ဝါး မှောင်​ခို​ဂိုဏ်း​များ​အ​သုံး​ပြု​နေ​သည်​ဟု​ယူ​ဆ​ရ​သော​ရေငုပ်​သ​င်္ဘော​ တစ်​စင်း​ကို​လည်း ကို​လံ​ဘီ​ယာ​၏​အိမ်​နီး​ချင်း​ဟွန်း​ဒူး​ရပ်​နိုင်ငံ​၏​နယ်နိ​မိတ်​ထိ​စပ်​ နေ​သော တော​အုပ်​တစ်​ခု​အ​တွင်း​ရှိ​မြစ်​လက်​တက်​တစ်​ခု​အ​တွင်း​သိမ်း​ဆည်း​ရ​မိ​ ခဲ့​ကြောင်း ဟွန်း​ဒူး​ရပ်​ရဲ​တပ်​ဖွဲ့​က​ပြီး​ခဲ့​သည့်​သီ​တင်း​ပါတ်​အ​တွင်း​ကြေ​ညာ​ သည်​။ အ​မေ​ရိ​ကန်​မူး​ယစ်​ဆေး​ဝါး​နှိမ်​နင်း​ရေး​တပ်​ဖွဲ့​များ​၏​ပူး​ပေါင်း​ကူ ​ညီ​မှု​ဖြင့် ဟွန်း​ဒူး​ရပ်​ရဲ​များ​က​အ​ဆို​ပါ​လက်​ဖြစ်​ရေငုပ်​သ​င်္ဘော​အား​ရှာ​ဖွေ​ ဖော်​ထုတ်​လိုက်​နိုင်​ခြင်း​ဖြစ်​ပြီး လူ​တစ်ဦး​ကို​လည်း​ထိန်း​သိမ်း​ထား​လိုက်​ကြောင်း​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here