စင်္ကာပူကျောင်းသူတစ်ဦး ဟောင်ကောင်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံရမှု မင်္သကာသူ တစ်ဦးအား ဖမ်းဆီးမိ

alt

စ​င်္ကာ​ပူ​နိုင်ငံ​မှ ကျောင်း​သူ​လေး​တစ်ဦး​ဟောင်​ကောင်​တွင်​အုပ်​စု​ဖွဲ့​မု​ဒိမ်း​ကျင့်​ခံ​ရ​ သည့် ကိ​စ္စ​နှင့်​ပတ်​သက်​ပြီး​မ​သ​င်္ကာ​သူ​တစ်ဦး​အား​ရဲ​များ​က​ဖမ်း​ဆီး​ထား ​လိုက်​ပြီ​ဟု သိ​ရ​သည်​။

​ရှင်​တို​နေ့​စဥ်​သ​တင်း​စာ​က​ပြီး​ခဲ့​သည့်​လ​အ​တွင်း​အ​သက်(​ ၂၂)​နှစ်​အ​ရွယ် စ​င်္ကာ​ပူ​မိန်း​က​လေး​တစ်ဦး​အား​လန်​ကွိုင်​ဖွန်​ရှိ​ဘား​တစ်​ခု​အ​နီး​ တွင် အုပ်​စု​လိုက်​အ​ဓ​မ္မ​စော်​ကား​ကျင့်​ကြံ​ခဲ့​မှု​အ​တွက်​ရဲ​များ​က​စုံ​ စမ်း​နေ​ဆဲ​ဟု ဖော်​ပြ​ခဲ့​သည်​။​ ယင်း​အ​မျိုး​သ​မီး​သည်​အ​ရက်​ဘား​တစ်​ခု​သို့​တစ်ဦး​ တည်းရောက်​ နေ​စဥ်​ နီ​ပေါ​လူ​မျိုး​(​၃)ဦး​က​သူ​မ​အား​အ​ပျော်​စီး​ရွက်​လှေ​တစ် ​ခု​တွင် ကျင်း​ပ​သည့်​ ပါ​တီ​သို့​လိုက်​လံ​လည်​ပတ်​ရန်​ဖိတ်​ခေါ်​ခဲ့​ကြောင်း​၊​ ယင်း​တို့​က ၎င်း​တို့​သည်​အ​ဆို​ပါ​အ​ရက်​ဘား​တွင်​အ​လုပ်​လုပ်​ကြောင်း​ပြော​ဆို​ခဲ့​ ပြီး (​၂)ဦး​သည်​ညီ​အစ်​ကို​ဟု​ထင်​ရ​ကြောင်း​ရဲ​များ​အား​ပြော​ကြား​ခဲ့​သည်​။

ကော့စ်​ဝေး​ပင်​လယ်​အော်​ဧ​ရိ​ယာ​ရှိ​ရွက်​လှေ​ပေါ်​ရောက်​ချိန်​တွင်​မူ​ ၎င်းတို့​သည် သူ​မ​အား​(​၆)​ကြိမ်​ထိ​မု​ဒိမ်း​ဝိုင်း​ကျင့်​ခဲ့​ကြောင်း​အ​မျိုး​သ​မီး​က ပြော​ကြား​ထား​သည်​။​ နောက်​တစ်​နေ့​နံ​နက်​တွင်​အ​မျိုး​သား(​၃)ဦး​ထွက်​ ခွာ​သွား​ပြီး​နောက် သူ​မ​က​ရဲ​ထံ​သို့​တိုင်​ကြား​ခဲ့​ပြီး​ဆေး​ရုံ​စစ်​ချက်​များ​အ​ရ​မု​ဒိမ်း ​မှု​အ​ဖြစ် ရဲ​များ​က​အ​တည်​ပြု​ခဲ့​သည်​။​ ဟောင်​ကောင်​ရဲ​များ​သ​ည်​အ​ရက်​ဘား​၊​ရွက်​ လှေ​တို့​ကို စစ်​ဆေး​ပြီး​နောက်​ လန်​ကွိုင်​ဖွန်​ရှိ​ အ​မျိုး​သား​တစ်ဦး​အား​ဖမ်း​ဆီး​ လိုက်​ခြင်း​ဖြစ်​ကြောင်း သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here