အမေရိကန်တွင် ဖမ်းမိသည့် ရုရှားစပိုင်အမျိုးသမီးမှာ ထောက်လှမ်းရေး အပြင် အိပ်ခန်းဖျော်ဖြေမှုပါ ကျွမ်းကျင်

alt

အ​မေ​ရိ​ကန်​တွင် ရု​ရှား​စ​ပိုင်​အ​ဖြစ်​စွပ်​စွဲ​မှု​နှင့်​​ အ​ဖမ်း​ခံ​ထား​ရ​သည့်​​ အ​မျိုး​သ​မီး တစ်ဦး​နှင့်​ပတ်​သက်​ပြီး​သူ​မ​သည်​ထောက်​လှမ်း​ရေး​လုပ်ငန်း​တွင်​သာ​မ​က အိပ်​ခန်း​တွင်း​​ ဖျော်​ဖြေ​မှု​ပါ​ ထူး​ချွန်​ကြောင်း​​ ပတ်​သက်​ဖူး​သည့်​ ဗြိ​တိ​သျှ အ​မျိုး​သား တစ်ဦး​က​မှတ်​ချက်​ပြု​ပြော​ကြား​လိုက်​သည်​။​

အ​သက်​ (​၂၈)​​ နှစ်​ရှိ အန်​နာ​ချပ်​မန်း​မှာ​သူ​လျှို​မှုဖြင့်​​ အ​ဖမ်း​ခံ​ထား​ရ​ပြီး​သူ​မ​နှင့်​ ပတ်​သက်​ဖူး​သော ဥ​ပ​ဒေ​ကျောင်း​သား​​ ​ချာ​လီ​ဟတ်​ချီ​ဆန်​က​​ The​Sun​ ​သ​တင်း​စာ​သို့​အန်​နာ​သည် မွေ့​လျော်​ဖွယ်​ကောင်း​သည့်​​ အ​မျိုး​သ​မီး​တစ်ဦး​ဖြစ်​ကြောင်း​​ ဖောက်​သည်​ချ​ခဲ့​သည်​။ အန်​နာ​သည်​​ အ​မေ​ရိ​ကန်​တွင်​​ အ​ဖမ်း​ခံ​ထား​ရ​သူ​​ (​၁၀)​ ဦး​​ အ​နက်​တစ်ဦး​အ​ ပါ​အ​ဝင်​ဖြစ်​သည်​။ အ​သက်​ (​၃၁)​​ နှစ်​ရှိ​​ ချာ​လီ​က​၎င်း​သည်​​ ဆောက်​သမ်​တမ်​တွင်​အန်​နာ​နှင့်​ ဆုံ​ခဲ့​ဖူး​ကြောင်း​၊ သူ​မ​သည်​လည်း​​ ကျောင်း​သူ​​ တစ်ဦး​သာ​ဖြစ်​ကြောင်း​​ ပြော​ကြား​သွား​သည်​။​ သူ​မ​သည် ၎င်း​နှင့်​လိင်​ဆက်​ဆံ​နေ​စဥ်​​ ရ​ု​ရှား​​ ဘာ​သာ​ ​စ​ကား​များ​ပြော​ခဲ့​ကြောင်း ​၊ အန်​နာ​သည်​(​၂)​နာ​ရီ​မျှ​ကြာ​အောင်​အ​ပြု​စု​ကောင်း​ကောင်း​ဖြင့်​ ဖျော်​ဖြေ​ခဲ့​ကြောင်း​၊ အန်​နာ​ကဲ့​သို့​မိန်း​က​လေး​မျိုး​မ​ကြံု​ခဲ့​ဖူး​ကြောင်း​​ ချာ​လီ​က​ပြော​ ကြား​ခဲ့​သည်​။ မိ​မိ​တို့​နှစ်ဦး​တွေ့​ဆုံ​သိ​ကျွမ်း​ပြီး​နောက်​​ အန်​နာ​အား​​ အ​ခန်း​သို့ ခေါ်​လာ​ကြောင်း​၊​​ နှစ်​ယောက်​အ​တူ​အ​ရက်​သောက်​ပြီး​နောက်​အ​ရာ​ရာ​ကို​​ အန်​နာ​က ဦး​ဆောင်​ခဲ့​ကြောင်း​၊​ သူ​မ​သည်​အ​တွင်း​ခံ​အ​ဝတ်​အ​စား​များ​မ​ပါ​သည့်​ အ​ခါ အ​လွန်​ကြည့်​ကောင်း​ကြောင်း​နှင့်​ သူ​မ​လုပ်​ကိုင်​သ​မျှ​တိုင်း​ကို​ ကျွမ်း​ကျင်​မှု အ​ပြည့်​ရှိ​နေ​ကြောင်း​ချာ​လီ​က​ ​The​Sun​​ သို့​ပြော​ကြား​ခဲ့​သည်​။​

ထို့​အပြင် ၎င်း​က​​ အန်​နာ​သည်​ထို​စဥ်​က​တည်း​က​ ​မို​ဘိုင်း​ဖုန်း ​(​၅)​ လုံး​ကို​သယ်​ ဆောင်​သွား​လာ​နေ​သည်​ကို သ​တိ​ပြု​မိ​သည့်​အ​တွ​က်​ အံ့​အား​သင့်​မိ​ကြောင်း​ဝန်​ခံ​ခဲ့​သည်​။​ သူ​မ​ သည် အ​ခန်း​ထဲ​မှ​ပင်​ Text​Message ​ပေး​ပို့​ခဲ့​ကြောင်း​၊​ သို့​သော်​လည်း​ မည်​သည့်​ဖုန်း​ဖြင့် ပို့​သည်​ကို​၎င်း​မ​သိ​ကြောင်း​ချာ​လီ​က​ဆို​သည်​။​ယင်း​က ​ချာ​လီ​၏​ပုံ​ ကို သ​တင်း​စာ​များ​တွင်​တွေ့​မြင်​ရ​တော့​မှ​ သူ​မ​သည်​ ရု​ရှား စ​ပိုင်​တစ်ဦး​မှန်း သိ​ရှိ​ခဲ့​ရ​ပြီး​အ​လွန်​အံ့ဩ​မိ​ကြောင်း​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here