အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့နှင့် ပြည်ပ အခြေစိုက် မြန်မာ အတိုက်ခံအဖွဲ့များ​​ တွေ့ဆုံ

alt

မလေးရှားနိုင်ငံ အခြေစိုက် အာဆီယံ လွှတ်တော်​ အမတ်များ အဖွဲ့​ (AIPMC) နှင့် ပြည်ပ​ ရောက် ထိုင်းနိုင်ငံ အခြေစိုက် စင်ပြိုင် အာဆီယံ​ အဖွဲ့ (Altsean) ဝင်များ​ အပြင် ပြည်ပ အခြေစိုက်​ မြန်မာ​ အတိုက်ခံ​ အဖွဲ့များ တွေ့ဆုံ​

ဆွေးနွေးပွဲကို မလေးရှား ပြည်သူ့​ လွတ်တော် အဆောက်အအုံတွင် ယနေ့တွေ့ဆုံ ဆွေးနွေး​ ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲကို မလေးရှား​ ဝန်ကြီးချုပ်ရုံး ဝန်ကြီး​ လည်းဖြစ် အာဆီယံ လွှတ်တော်​ အမတ်များ အဖွဲ့​ (AIPMC) ပထမဆုံးသော ဥက္ကဋ္ဌ ဖြစ်သူ ဒါတွပ် ဆရီ မိုဟာမက် နာဇရီ၊ မလေးရှား အတိုက်အခံ​ ပါတီ ခေါင်းဆောင် ဒါတွပ် ဆရီ အန္န်ဝါ ဧဘရာဟင်၊ မ​လေး​ရှား​ဒီမိုကရေ​ လှုပ်ရှားမှုပါတီ ခေါင်းဆောင် လစ်ဂစ်ရှင်း အပါအဝင် အာဆီယံ လွှတ်တော်​ အမတ်များ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု​ မြန်မာနိုင်ငံ​ အမျိုးသား​ ကောင်စီ (အန်စီယူဘီ) မှ တွဲဖက်​ အထွေထွေ​ အတွင်းရေးမှူး-၃ ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒီမိုကရေစီနှင့်​ ဖွံ့ဖြိုးတိုးတက်ရေး​ အင်အားစု (အန်ဒီဒီ) ဥက္ကဋ္ဌ မခင်ဥမ္မာ​၊​​ ​မ​ခင်​စန်း​​ထွေး​ တို့အပြင် NLD လွတ်​မြောက်​နယ်​မြေ​မှ​ ​လွတ်​တော်​​ ကိုယ်​စား​လှယ်​ ကို​ဝင်း​လှိုင်​နှင့်​​ တွဲ​ဖက်​​ အ​တွင်း​​ရေး​မှူး​ကို​မိုး​​ဇော်ဦး​​ စ​သည့်​​ အခြား အဖွဲ့ဝင်များ တတ်ရောက် ကာ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများ အပြင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မြန်မာ့အရေးနှင့် ပတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ယ​ခု​​ သ​တင်း​​ တင်​ပြ​​ နေ​စဥ်​ချိန်​​ အ​တွင်း​​ တွေ့ဆုံဆွေးနွေး​​ နေကြသည်။​ ​ ​

မ​နက်​ဖန်​ ​ဂျူ​လိုင်​လ​ ​၈​ ​ရက်​​ ​ကြာ​သာ​ပ​တေး​နေ့​တွင်​လည်း​​ University​ of​ Malaya​ ​၏​ INTERNATIONAL INSTITUTE OF​ PUBLIC POLICY AND MANAGEMENT​ ​ခန်း​မ​တွင်​ မြန်​မာ​နိုင်ငံ​၏​ ​​၂၀၁၀​ ရွေး​​ကောက်ပွဲ​၊​​ ​အာဆီ​ယံ​နှင့်​​ ​လူ့​အ​ခွင့်​အ​ရေး​​ ​ခေါင်း​စဥ်​ဖြစ်​ ​ဆက်​လက်​ ​ဆွေး​​နွေး​သွား​မည်​ ​ဖြစ်​ကြောင်​ ​သ​တင်း​ရ​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here