Facebook တွင် ပရိသတ်၁၀ သန်း ပြည့်သွားသည့် လေဒီဂါဂါ

alt

က​မ္ဘာ​ပေါ်​တွင်​ Facebook​ မှ​တ​ဆင့်​ပ​ရိ​သတ်​ ပေါင်း​ (​၁၀)​ သန်း​ ပြည့်​သည့် သက်​ရှိ​ ထင်​ရှား​ ပ​ထ​မ​ဆုံး​ သူ​ အ​ဖြစ်​ အ​မေ​ရိ​ကန်​ အ​ဆို​တော်​ လေ​ဒီ​ဂါ​ဂါ ​က ရပ်​တည်​ နိုင်​ခဲ့​သည်​။​

ဂါ​ဂါ​မ​တိုင်​မီ​ Po p​ဂီ​တ​ဘု​ရင်​ကြီး​မိုက်​ကယ်​ ဂျက်​ဆင်​သည် Facebook ​ပ​ရိ​သတ်​(​၁၀)​သန်း​ပြည့်​ခဲ့​ဖူး​သော်​လည်း​၎င်း​သည်​ကွယ်​လွန်​ သွား​ပြီ ဖြစ်​သော​ကြောင့်​ဂါ​ဂါ​သည်​ အ​သက်​ရှင်​လျက်​တစ်ဦး​တည်း​သော​ Facebook ​ပ​ရိသတ် (​၁၀)​သန်း​အ​ထက်​ရှိ​သူ​နာ​မည်​ကြီး​မီ​ဂါ​စ​တား​ဖြစ်​လာ​ခဲ့​သည်​။​အ​မေ​ ရိ​ကန် သ​မ္မ​တ​ဘာ​ရတ်​အို​ဘား​မား​သည်​ ဂါ​ဂါ​ထက်​ပ​ရိ​သတ်​(​၇)​သိန်း​မျှ​လျော့​ နည်း​နေ​သေး​သည်​။ ဟော​လီး​ဝုဒ်​သ​တင်း​ဌာ​န​အ​ချို့​က​ဂါ​ဂါ​၏​အောင်​မြင်​မှု​သည်​ဆူ​နာ​မီ​ ရေ​လှိုင်း​ကဲ့​သို့ က​မ္ဘာ​ကို​ကိုင်​လှုပ်​နိုင်​ခဲ့​ကြောင်း​ညွှန်း​ဆို​ဖော်​ပြ​ထား​သည်​။​

န​ယူး​ယောက်​ဖွား အ​သက်(​၂၄)​နှစ်​အ​ရွယ်​အ​ဆို​တော်​သည်​ Poker​Face​ သီ​ချင်း​ဖြင့်​အ​ကြီး​အ ​ကျယ် အောင်​မြင်​လာ​ပြီး​သူ​မ​၏​ဂီ​တ​အ​ရည်​အ​သွေး​ရော​၊​ထူး​ခြား​သည့်​ဝတ်​စား​ ဆင်​ယင်​မှု ဟန်​ပန်​များ​ကြောင့်​ပါ​လူ​သိ​များ​ကျော်​ကြား​ခဲ့​သည်​။​ အ​မည်​ရင်း​စ​တက် ​ဖ​နီ​ဂျို​နာ အိန်​ဂျယ်​လီ​နာ​ဂါ​မန်​နို​တာဟု​ခေါ်​သည့်​ဂါ​ဂါ​သည်​ဂ​ရမ်​မီ​ဆု​၊​​ MTV​ ​ဆု အ​ပါ​အ​ဝင်​ဂီ​တ​ထူး​ချွန်​ဆု​အ​မြောက်​အ​မြား​ကို​လည်း​ရ​ရှိ​ဖူး​ကာ​တစ်​ ချိန်​က မက်​ဒေါ​နား​ပိုင်​ဆိုင်​ဖူး​သည့်​ Pop ​ဂီ​တ​ဘု​ရင်​မ​ဆို​သည့်​ဂုဏ်​ပုဒ်​ အား ဆက်​ခံ​မည့်​သူ​အ​ဖြစ်​ထင်​ကြေး​ပေး​ချီး​ကျူး​ခံ​နေ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here