YouTube တွင်ဖြစ်ပေါ်နေသည့် လုံခြုံရေးယိုပေါက်ကို ပြုပြင်ပြီးကြောင်း Google ပြော

alt

Google​ က ၎င်း​တို့​ပိုင်​ဆိုင်​သော​ YouTube ​ဝက်​ဆိုက်​တွင်​ ဖြစ်​ပေါ်​နေ​သည့်​ လုံ​ ခြံု​ရေး ယို​ပေါက်​ကို​ အ​လျင်​အ​မြန်​ ပြု​ပြင်​ ပြီး​ပြီ​ဟု​ ပြော​ကြား​လိုက်​သည်​။

အ​ဆို​ပါ​ ဟာ​ကွက်​မှ​တ​ဆင့်​Hacker​များ​သည်​ Pop-up​message​ အ​တု​အ​ယောင်​ များ​ဖြင့် user​ များ​အား​တိုက်​ခိုက်​ခဲ့​ပြီး ယင်း​အ​ယောင်​ဆောင်​ message​ များ​က​ ညစ်​ညမ်း​ ဝက်​ဆိုက်​များ​သို့ ရောက်​ရှိ​အောင်​ ညွှန်​ပြ​ ခဲ့ကြောင်း​ သိ​ရ​သည်​။​ Hacker​ များ​သည်​ Comment Section ​မှ​တ​ဆင့်​အ​ဖျက်Code​များ​ရေး​သား​ကာ​က​မ္ဘာ့​အ​အောင်​မြင်​ဆုံး Video​Uploading​ ဝက်​ဆိုက်​အား​ဦးတည်​တိုက်​ခိုက်​မှု​များ​ပြု​လုပ်​ခဲ့​ ခြင်း​ဖြစ်​သည်​။ Google​က​အ​ဆို​ပါ​ယို​ပေါက်​အား​တွေ့​ရှိ​ပြီး​(​၂)​နာ​ရီ​အ​တွင်း​ပြင်​ ဆင်​ခဲ့​ကြောင်း ကြေ​ညာ​ခဲ့​သည်​။​ XSS​Code​ များ​အား​ပြန်​လည်​မွမ်း​မံ​ခဲ့​ရ​ပြီး​နောက်​ ယင်း​ကိ​စ္စ​အား ဖြေ​ရှင်း​လိုက်​နိုင်​ကြောင်း​ Google ​၏​ပြော​ရေး​ဆို​ခွင့်​ရ​အ​မျိုး​သ​ မီး တစ်ဦး​က​ဆို​သည်​။​ YouTube​ တွင်​က​နေ​ဒါ​အ​ဆို​တော်​ဂျက်​ဆ​တင်​ဘီ​ဘာ​ကား​ မ​တော်​တ​ဆ​မှု တစ်​ခု​ကြောင့်​သေ​ဆုံး​သွား​ကြောင်း​ Video ​တစ်​ခု​တင်​ထား​ပြီး​အ​ယောင်​ ဆောင်​မှု​များ​လည်း ရှိ​ခဲ့​ကြောင်း​သိ​ရ​သည်​။

​Google​ က​ YouTube​ တွင်​ဗိုင်း​ရပ်စ်​တစ်​မျိုး ကူး​စက်​ ပျံ့​နှံ့​နေ​သည်​ဆို​သော​သ​တင်း​များ​အား​ငြင်း​ဆန်​ခဲ့​ပြီး​လုံ​ ခြံု​ရေး​အ​ရ ခြံုငုံ​သုံး​သပ်​စစ်​ဆေး​မှု​များ​ဆက်​လက်​ပြု​လုပ်​နေ​ကြောင်း​အ​တည်​ပြု ပြော​ကြား​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here