ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ် ရိုက်ကူးမည့် အစီအစဉ် ရပ်ဆိုင်း

alt

ဂျိမ်းစ်​ဘွန်း​ဇာတ်​ကား​များ​၏ (​၂၃)​ခု​မြောက်​ဇာတ်​လမ်း​သစ်​ရိုက်​ကူး​ရန်​စီ​စဥ်​နေ​မှု​အား​တ​ရား​ဝင် ရပ်​ဆိုင်း​လိုက်​ကြောင်း​သိ​ရ​သည်​။​ ​မူ​လ​က​မင်း​သား​ဒင်​နီ​ရယ်​က​ရိတ် တ​တိ​ယ​အ​ကြိမ်​မြောက်​ပါ​ဝင်​မည့်​

ဇာတ်​ကား​သစ်​အား​ရိုက်​ကူး​ရန်​စီ​စဥ်​ နေ​သော်​လည်း ငွေ​ကြေး​အ​ကြပ်​အ​တည်း​ကြောင့်​ရွှေ့​ဆိုင်း​လိုက်​ရ​ကြောင်း​ MGM ​ရုပ်​ ရှင်​လုပ်ငန်းက အ​တည်​ပြု​ခဲ့​သည်​။​ MGM ၏​ အ​တွင်း​လူ​အ​ချို့​က​ယ​ခု​ဇာတ်​ကား​ဖျက်​သိမ်း​ လိုက်​မှု​အား Daily​Mirror​ သ​တင်း​စာ​သို့​ပြော​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​ MGM​သည်​ဒေါ်​ လာ(​၃.​၇)​ဘီ​လျံ အ​ကြွေး​တင်​လျက်​ရှိ​ပြီး​(​၆)​နှစ်​အ​တွင်း​အ​ဆိုး​ရွား​ဆုံး​ငွေ​ကြေး​အ​ ခက်​အ​ခဲ​နှင့် ကြံု​နေ​ရ​သည်​။​ယ​ခင်​က​ဂျိမ်းစ်​ဘွန်း​ဇာတ်​ကား​သစ်​ အ​တွက်​ဆမ်​မန်း​ဒက်​ ကို ဒါ​ရိုက်​တာ​အ​ဖြစ်​ရွေး​ချယ်​ထား​သော်​လည်း​ယ​ခု​အ​ခါ​ပယ်​ဖျက်​လိုက်​ရ​ ပြီ​ဖြစ်​သည်​။

MGM​ အ​တွက်​ဇာတ်​ကား​များ​ဖြန့်​ဖြူး​မှု​ကို​တာ​ဝန်​ယူ​ပေး​ရ​သည့်​ထုတ်​ လုပ်​ရေး ကု​မ္ပ​ဏီ​သည်​ EON​ က​ဇာတ်​ကား​ရိုက်​ကူး​မည့်​အ​စီ​အ​စဥ်​ကို​မည်​သည့်​အ​ ချိန်​တွင် ပြန်​လည်​စ​တင်​နိုင်​မည်​ကို​အ​တိ​အ​ကျ​မ​ပြော​နိုင်​သေး​ကြောင်း​ဝန်​ခံ​ ထား​ပြီး လက်​တ​လော​တွင်​ငွေ​ကြေး​အ​ခက်​အ​ခဲ​များ​ကြီး​ကြီး​မား​မား​ရှိ​နေ​ခြင်း​ ကို အ​တည်​ပြု​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here