ကမ္ဘာ့ဖလားတွင် ပါရာဂွေးရှုံးနိမ့်မှုက ပရိသတ်များ အတွက် နှစ်ကြိမ် ကြေကွဲရ

alt

ပါ​ရာ​ဂွေး​အ​သင်း​က​ မ္ဘာ့​ဖ​လား​ကွာ​တား​ဖိုင်​နယ်​တွင်​စ​ပိန်​အား ရှုံး​နိမ့်​ခဲ့​သည့်​အ​တွက်​ ပါ​ရာ​ဂွေး​ ပ​ရိ​သတ်​များ​သည်​ နှစ်​ကြိမ်​ကြေ​ ကွဲ​ရ​မည်​ဟု သ​တင်း​များ​က​ဖော်​ပြ​ခဲ့​သည်​။​

ပါ​ရာ​ဂွေး​ အ​သင်း​သည်​သ​မိုင်း​တ​လျှောက် ပ​ထ​မ​ဆုံး​ကွာ​တား​တက်​ခဲ့​သည့်​နောက်​နာ​မည်​ကျော်​ပါ​ရာ​ဂွေး​အ​လှ​မယ် လာ​ရီ​ဆာ​ရီ​ကွယ်​မီး​က​သူ​မ​တို့​အ​သင်း​ဗိုလ်​စွဲ​ပါ​က​တစ်​ကိုယ်​လုံး​ ချွတ်​ကာ လမ်း​မများ​ပေါ်​လျှောက်​ပြေး​ပြ​မည်​ဟု​လူ​သိ​ရှင်​ကြား​က​တိ​ပြု​ထား​ရာ ပါ​ရာ​ဂွေး​ပ​ရိ​သတ်​အ​နေ​နှင့်​အ​သင်း​ရှုံး​သော​ကြောင့်​စိတ်​ပျက်​ရ​သ​ လို လာ​ရီ​ဆာ​၏​အ​လှ​တ​ရား​ကို​မ​ရှု​မြင်​ရ​တော့​သ​ဖြင့်​မ​ချင့်​မ​ရဲ​ဖြစ်​ရ​ လိမ့်​မည်​ဟု သ​တင်း​များ​က​အ​ရွှမ်း​ဖောက်​ဖော်​ပြ​ခဲ့​သည်​။​လာ​ရီ​ဆာ​သည်​ပါ​ရာ​ဂွေး ဘော​လုံး​ပ​ရိ​သတ်​များ​အ​နက်​လူ​သိ​အ​များ​ဆုံး​ဖြစ်​လာ​ခဲ့​ပြီး​ပါ​ရာ​ ဂွေး ဂိုး​သွင်း​တိုင်း​မို​ဘိုင်း​ဖုန်း​ကို​ရင်​သား​များ​ကြား​ညှပ်​ကာ​အူ​ လှိုက်​သည်း​လှိုက် အား​ပေး​ပုံ​ကို​က​မ္ဘာ့​မီ​ဒီ​ယာ​များ​က​ဖော်​ပြ​ခဲ့​ပြီး​နောက်​သူ​မ​သည်​ ပို​မို​လူ​သိ​များ​ခဲ့​သည်​။

သူ​မ​က​ပါ​ရာ​ဂွေး​၏​အောင်​မြင်​မှု​အ​ပေါ်​အ​ထက်​တွင်​ဖော်​ပြ​ထား​သည့်​အ​ တိုင်း ဂုဏ်​ပြု​မည်​ဟု​ပြော​ကြား​ခဲ့​သော်​လည်း​ဇူ​လိုင်​လ​(​၃)​ရက်​နေ့​က​စ​ပိန် ​တိုက်​စစ်​မှူး ဒေး​ဗစ်​ဗီ​လာ​သွင်း​ယူ​သွား​သော​နောက်​ကျ​အ​နိုင်​ဂိုး​ကြောင့်​သူ​မ​အ​ တွက်​ရော​၊ သူ​မ​၏​အ​လှ​ကို​ရှု​ခွင့်​မ​ရ​သူ​များ​အ​တွက်​ပါ​ဝမ်း​နည်း​စ​ရာ​ဖြစ်​ခဲ့​ ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here