​ရုရှားသူလျှိုများ ရောက်ရှိနေကြောင်း မင်္သကာမှုကြောင့် ဆိုက်ပရပ်စ်ရဲတပ်ဖွဲ့ စုံစမ်းမှုများ ပြုလုပ်

alt

ဆိုက်​ပ​ရပ်​နိုင်ငံ ရဲ​တပ်​ဖွဲ့​သည်​ရု​ရှား​သူ​လျှို​များ​စိမ့်​ဝင်​ရောက်​ရှိ​နေ​ကြောင်း​​ မ​သ​င်္ကာ​ခြင်း​ကြောင့် စုံ​စမ်း​မှု​များ​ပြု​လုပ်​နေ​ကြောင်း​သိ​ရှိ​ရ​သည်​။​ရဲ​တပ်​ဖွဲ့​ပြော​ ရေး​ဆို​ခွင့်​ရ အ​ရာ​ရှိ​ တစ်ဦး​က​၎င်း​တို့​သည်​​ ရု​ရှား​သူ​လျှို​ဟု​

မ​သ​င်္ကာ​သူ​တစ်ဦး​ အား ထိန်း​သိမ်း ​ပြီး​နောက်​အာ​မ​ခံ​ဖြင့်​ပြန်​လွှတ်​ ပေး​ခဲ့​ကြောင်း​၊​ယ​ခု​အ ​ခါ ၎င်း​မှာ​ ပျောက်​ဆုံး​နေ​ကြောင်း​ ပြော​ကြား​  သွား​သည်​။​

အ​သက်(​၅၄)​နှစ်​​ အရွယ် ခ​ရစ်​စ​တို​ဖာ​ရော​ဘတ်​မက်​ဆင်​သည်​​ တူ​ရ​ကီ​မှ​တ​ဆင့်​ကျွန်း​နိုင်ငံ​လေး ဆိုက်​ပ​ရပ်​သို့​ရောက်​ရှိ​ခဲ့​သော်​လည်း​၎င်း​သည်​​ တူ​ရ​ကီ​မ​တိုင်​မီ​မည် ​သည့်​နိုင်ငံ​မှ ဖြစ်​သည်​ကို​ခြေ​ရာ​ခံ​မ​ရ​ဟု​ဆိုက်​ပ​ရပ်​ရဲ​တပ်​ဖွဲ့​မှ​မစ်​ချယ်​လစ် ကာ​တို​ဆွန်​နို​တို​က​ပြော​ကြား​ခဲ့​သည်​။​၎င်း​အား​ဇွန်​လ(​၂၉)​ရက်​နေ့​က ဟန်​ဂေ​ရီ​နိုင်ငံ​သို့​ပျံ​သန်း​ထွက်​ခွာ​မည့်​လေ​ယာဥ်​ပေါ်​အ​တက်​တွင်​ရဲ ​များ​က ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​သည်​။​ဆိုက်​ပ​ရပ်​တ​ရား​သူ​ကြီး​တစ်ဦး​က​ ၎င်း​ အား ဒေါ်​လာ (​၃၃၀၀၀) ​တန်​အာ​မ​ခံ​ဖြင့်​ ပြန်​လွှတ်​ပေး​ခဲ့​သော်​လည်း​ ယင်း​အား ချိန်း​ဆို​ထား​သည့်​ ဇွန်​လ (​၃၀)​ ရက်​နေ့​တွင်​ရဲ​များ​ထံ​ လာ​ရောက်​ဆက်​ သွယ်​ခြင်း မ​ရှိ​ဟု​ဆို​သည်​။​

ရဲ​များ​က​၎င်း​သည်​တူ​ရ​ကီ​သို့​ပင်​ပြန်​လည်​ထွက်​ ပြေး​သွား​ပြီ​ဟု ယူ​ဆ​နေ​ကြ​သည်​။​ရု​ရှား​သည်​အ​မေ​ရိ​ကန်​တွင်​၎င်း​၏​သူ​လျှို​ဟု​ယူ​ဆ​ရ​ သူ​များ အ​ဖမ်း​ခံ​ရ​ပြီး​နောက်​ ယင်း​ကိ​စ္စ​နှင့်​ပတ်​သက်​ပြီး​ငြင်း​ဆို​ထား​ရ​ ကြောင်း​လည်း သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here