အမေရိကန်ရှိ အပမ်းဖြေစခန်းမှ ရှဉ့်တစ်ကောင်တွင် ပလိပ် ရောဂါ ပိုးတွေ့

alt

အ​မေ​ရိ​ကန်​နိုင်ငံ​ရှိ အ​ပမ်း​ဖြေ​ခ​ရီး​ထွက်​ရာ​နေ​ရာ​တစ်​ခု​အ​နီး​ရှဥ့်​တစ်​ကောင်​တွင်​ပ​လိပ်​ ရော​ဂါ​ပိုး​တစ်​မျိုး တွေ့​ရှိ​ပြီး​နောက်​ယင်း​နေ​ရာ​အား​ပိတ်​ထား​လိုက်​ကြောင်း​သိ​ရသည်​။​

ကယ်​ လီ​ဖိုး​နီး​ယား တောင်​ပိုင်း​ရှိ​လော့စ်​အ​လာ​မို​အ​ပမ်း​ဖြေ​စ​ခန်း​နေ​ရာ​အ​နီး​တွင်​လွန် ​ခဲ့​သော (​၂)​ပါတ်​က​ဖမ်း​ဆီး​ရ​မိ​သည့်​ရှဥ့်​တစ်​ကောင်​တွင်​အ​ဆို​ပါ​ကူး​စက်​ရော ​ဂါ ပိုး​မွှား​ကို​တွေ့​မြင်​ခဲ့​ရ​ခြင်း​ဟု​ဆို​သည်​။​ လော့စ်​အိန်​ဂျယ်​လိစ်​ အ​မျိုး​သား ဥ​ယျာဥ်​အ​တွင်း​တည်​ရှိ​သည့်​ယင်းနေ​ရာ​ကို​ဇူ​လိုင်​လ​(​၄)​ရက်​နေ့​က​ ပိတ်​ထား​လိုက်​ပြီး အ​နည်း​ဆုံး​(​၁၀)​ရက်​မျှ​ပြန်​ဖွင့်​မည်​မ​ဟုတ်​ဟု​လော့စ်​အိန်​ဂျယ်​လိစ် ပြည်​သူ့​ကျန်း​မာ​ရေး​ဌာ​န​ဒါ​ရိုက်​တာ​ဂျို​န​သန်​ဖီး​ဒင်း​က​ပြော​ကြား​ ခဲ့​သည်​။

ထိုနေ​ရာ​အ​နီး​တွင်​ရှဥ့်​များ​သ​ဘာ​ဝ​အ​လျောက်​ကျက်​စား​ပျော်​ပါး​သည့် မြေ​တွင်း​လေး​များ​အ​မြောက်​အ​မြား​ရှိ​နေ​ကြောင်း​သိ​ရ​သည်​။​ ဖီးဒင်း​က လူ​သို့​ကူး​စက်​သည့်​ပ​လိပ်​ရော​ဂါသည်​(​၁၉၈၄)​ခု​နှစ်​နောက်​ပိုင်း​ လော့စ်​အိန်​ဂျယ်​လိစ်​တွင် (​၄)​ကြိမ်​မျှ​တွေ့​ရှိ​ခဲ့​ပြီး​ယင်း​တို့​အား​လုံး​အ​သေ​အ​ပျောက်​မ​ရှိ​ ခဲ့​ဟု ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here