ဂျပန်ဝန်ကြီးချုပ်သစ်အား ထောက်ခံမှု သိသာစွာကျဆင်း

alt

ဂျ​ပန်​ဝန်​ကြီး​ချုပ်​သစ် နေ​တို​ကန်​အား​ထောက်​ခံ​မှု​မှာ​သိ​သိ​သာ​သာ​ကျ​ဆင်း​လာ​နေ​ကြောင်း​စစ်​ တမ်း​တစ်​ခု​အ​ရ ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​နိုင်ငံ​၏​အ​ဓိ​က​ ဒေ​သ​ကြီး​များ​တွင်​ ကြို​တင်​ ကောက်​ခံ​သ​ည့်

ပြည်​သူ့​ သ​ဘော​ထား​ စစ်​တမ်း​များ​အ​ရ​လာ​မည့်​ ရွေး​ကောက်​ပွဲ​တွင်​အ​စိုး​ ရ​အ​ဖွဲ့​အ​ပေါ် ပြည်​သူ့​ထောက်​ခံ​မှု​မှာ​အ​လွန်​လျော့​နည်း​လာ​နေ​ကြောင်း​သိ​ရှိ​ရ​သည်​။

​အ​ဆာ​ဟိ​ရှင်​ဘွန်း သ​တင်း​စာ​က​တယ်​လီ​ဖုန်း​ဖြင့်​စစ်​တမ်း​ကောက်​ခံ​မှု​တစ်​ခု​ကို​ဇွန်​လ(​ ၂၆)​ရက်​နေ့​နှင့် (​၂၇)​ရက်​နေ့​များ​က​ပြု​လုပ်​ခဲ့​ခြ​င်း​ဖြစ်​ပြီး​အ​စိုး​ရ​အ​ပေါ်​သ​ဘော ​မ​ကျ​သည့် အ​ရေ​အ​တွက်​မှာ​(​၂၉)​ရာ​ခိုင်​နှုန်း​မှ​(​၄၀)​ရာ​ခိုင်​နှုန်း​သို့​တိုး ​တက်​လာ​ကြောင်း သိ​ရ​သည်​။​ထောက်​ခံ​သည့်​အ​ရေ​အ​တွက်​မှာ​လည်း​(​၄၅)​ရာ​ခိုင်​နှုန်း​မှ (​၄၀)​ရာ​ခိုင်​နှုန်း​သို့​လျော့​ကျ​သွား​ပြီး​ယူ​မီ​ရီ​ရှင်​ဘွန်း​သ​တင်း ​စာ​က ကောက်​ခံ​သော​စစ်​တမ်း​တွင်​လည်း​အ​စိုး​ရ​အ​ပေါ်​မ​နှစ်​သက်​သူ​အ​ရေ​အ​ တွက်​မှာ (​၃၇)​ရာ​ခိုင်​နှုန်း​မှ​(​၃၉)​ရာ​ခိုင်​နှုန်း​သို့​တိုး​တက်​လာ​ကြောင်း​ ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။

လက်​ရှိ​အာ​ဏာ​ရ​ DPJ ​ပါ​တီ​ကို​ သ​ဘော​ကျ​နှစ်​သက်​သူ​အ​ရေ​အ​တွက်​မှာ​လည်း (​၃၉)​ ရာ​ခိုင်​နှုန်း​မှ​(​၃၀)​ရာ​ခိုင်​နှုန်း​သို့​ထိုး​ဆင်း​သွား​ ကြောင်း အ​ဆာ​ဟိရှင်​ဘွန်း​တွင်​ဖော်​ပြ​ထား​သ​လို​ယူ​မီ​ရီ​ရှင်​ဘွန်း​၏​လေ့​လာ​ မှု​အ​ရ​လည်း (​၃၁)​ရာ​ခိုင်​နှုန်း​မှ​(​၂၈)​ရာ​ခိုင်​နှုန်း​သို့​လျော့​နည်း​သွား​သည်​ ဟု ရေး​သား​ထား​ရာ​ဂျ​ပန်​အ​စိုး​ရ​အ​တွက်​အ​ကြပ်​တွေ့​စ​ရာ​ဖြစ်​လာ​ရ​ကြောင်း သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here