iPhone 4 တွင် လိုင်းပျောက်တတ်ခြင်းမှာ Software အမှားအယွင်းကြောင့်ဖြစ်

alt

Apple​ ကု​မ္ပ​ဏီ​က ၎င်း​တို့​၏​ မို​ဘိုင်း​ဖုန်း​အ​သစ်​ iPhone​4​​ တွင်​လိုင်း​ပျောက်​မှု​အ​ချို့ ဖြစ်​ပေါ်​နေ​ခြင်း​သည်​ကိုင်​တွယ်​မှု​နည်း​စ​နစ်​မ​မှန်​ကန်​ခြင်း​ ကြောင့် မ​ဟုတ်​ဘဲ​ Software​ ပိုင်း​ အ​မှား​အ​ယွင်း​ကြောင့်​ဟု​ ဝန်​ခံ​ လိုက်​သည်​။​

ပြီး​ခဲ့​သည့် သီ​တင်း​ပါတ်​က ​iPhone​4​ တွင်​ဖုန်း​လိုင်း​ပျောက်​နေမှု​များ​အ​တွက်​User​ များ​၏ စော​ဒ​က​တက်​နေ​မှု​အ​ပေါ်​Apple​က​ယ​ခု​လို​ဝန်​ခံ​ခဲ့​ခြင်း​ဖြစ်​သည်​။ ယ​ခင်​က​ဖုန်း​၏​အောက်​ခြေ​ရှိ​အင်​တင်​နာ​ကို​လက်​ဖြင့်​ပိတ်​ထား​မိ​ပါ​က ယ​ခု​လို​လိုင်း​ပျောက်​မှု​မျိုး​ဖြစ်​တတ်​ကြောင်း​Apple​က​ပြော​ဆို​ခဲ့​ ဖူး​သော်လည်း ယ​ခု​အ​ခါ​ကု​မ္ပ​ဏီ​က​၎င်း​တို့​၏​အား​နည်း​ချက်​အ​ပေါ်​ဖွင့်​ဟ​ကြေ​ညာ​ သွား​ခြင်း​ဖြစ်​သည်​။ Apple​က​iPhone​အ​သုံး​ပြု​သူ​များ​ထံ​အိတ်​ဖွင့်​ပေး​စာ​များ​ပေး​ပို့​ခဲ့ ​ရာ မိ​မိ​တို့​၏​စုံ​စမ်း​စစ်​ဆေး​မှု​ရ​လဒ်​များ​က​ဘား​များ​နှင့်​အ​ချက်​ပြ​ လှိုင်း​များ တွက်​ချက်​မှု​တွင်​မှား​ယွင်း​သော​ပ​ရို​ဂ​ရမ်​ကို​ရေး​ဆွဲ​ထား​ပေး​မိ​သည် ​ကို စိတ်​ပျက်​ဖွယ်​တွေ့​မြင်​ခဲ့​ရ​ကြောင်း​၊​ယင်း​အ​တွက်​ဝန်​ချ​တောင်း​ပန်​ ကြောင်း ပါ​ရှိ​သည်​။​

ဇွန်​လ(​၂၄)​ရက်​နေ့​က​စ​တင်​ရောင်း​ချ​ခဲ့​သည့်​iPhone​4​အ​ ပေါ် အ​ချို့​သော​ဝယ်​ယူ​သုံး​စွဲ​သူ​များ​က​လိုင်း​မ​မိ​ခြင်း​အ​တွက်​အ​ရေး​ဆို ​မှု​များ ပြု​လုပ်​ခဲ့​သည့်​တိုင်​ယင်း​ဖုန်း​သစ်​သည်​(၃)​ရက်​အ​တွင်း​အ​လုံး​ရေ​(​ ၁.​၇)​သန်း​ကျော် ရောင်း​ထွက်​ခဲ့​ရာ​ကု​မ္ပ​ဏီ​သက်​တမ်း​တ​လျှောက်​အ​ဖွင့်​အ​လှ​ဆုံး​ကုန်​ စည်​အ​ဖြစ် မှတ်​တမ်း​ဝင်​သွား​သည်​။​ Apple​ က​ယ​ခု​ဝန်​ခံ​မှု​နှင့်​အ​တူ​လာ​မည့်​သီ​ တင်း​ပါတ် အ​နည်းငယ်​အ​တွင်း​Software​Update​Patch​ တစ်​ခု​ကို​ ထုတ်​ပေး​ကာ​ချွတ်​ ယွင်း​ချက်​အား ပြင်​ဆင်​ပေး​မည်​ဟု​က​တိ​ပြု​ခဲ့​သည်​။​ ထို့​အ​ပြင်​iPhone​၏​ယ​ခင်Version ​များ​ဖြစ်​သည့် iPhone​3G​နှင့်​iPhone​3GS​တို့​အ​တွက်​ပါ​Software​Update​ပြု​လုပ်​ပေး​ မည်​ဟု သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here