​တူ​ရ​ကီ​အ​စိုး​ရ​တပ်​နှင့်​ ​ခွဲ​ထွက်​ရေး​ သူ​ပုန်​များ​ကြား​ ​တိုက်​ပွဲ​များ​​ ပြင်း​ထန်

alt

တူရကီနိုင်ငံတွင် အစိုးရ တပ်များနှင့် ခွဲထွက်ရေး သူပုန်များ ကြား တိုက်ပွဲများ ပြင်းထန် နေကြောင်း သိရသည်။ ကာဒစ် သူပုန်များ၏ အခြေစိုက် စခန်းများကို မိမိတို့ စစ် လေယာဥ်များက ဗုံးကြဲ​ တိုက်ခိုက် ခဲ့ကြောင်း တူရကီ စစ်တပ်က အတည်ပြု ခဲ့သည်။

ယခု သီတင်းပါတ်အတွင်း အီရတ် မြောက်ပိုင်းရှိ သူပုန် စခန်းများကို လေကြောင်းမှ ထိုးစစ် ဆင်ခဲ့ပြီး ကွင်ဒီ တောင်ကြားရှိ စခန်းများကို အဓိက ပစ်မှတ် ထားခဲ့ကြောင်း စစ်ဖက် တာဝန် ရှိသူများက ဆိုသည်။ လေယာဥ်များသည် ဇူလိုင်လ (၁)ရက်နေ့နှင့် (၂) ရက်နေ့တို့တွင် တိုက်စစ် ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း တူရကီ အရာရှိများက ပြောကြား သွားသည်။ ကာဒစ်တို့သည် အီရတ် မြောက်ပိုင်းတွင် အခြေစိုက် စခန်းချကာ တူရကီ နယ်မြေထဲသို့ ရန်စ ပစ်ခတ်လိုက်၊ ဆုတ်ခွာ ထွက်ပြေးလိုက် ပြုလုပ် နေကြောင်း သိရသည်။

တူရကီ စစ်ဖက်က ကာဒစ်တို့အား နောက်ထပ်လည်း ပြင်းထန်သော ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ရန် အစီအစဥ် ရှိနေကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ မကြာသေးမီက စစ်တပ်နှင့် သူပုန် တပ်ဖွဲ့ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများ အတွင်း နှစ်ဖက် အကျအဆုံးမှာ (၄၀) ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here