စစ်သင်္ဘောနစ်မြုပ်မှုအတွက် ဆွေးနွေးရန် မြောက်ကိုရီးယား တောင်းဆိုမှု တောင်ကိုရီးယား ပယ်ချ

alt

မတ်​လ​အ​တွင်း နစ်​မြုပ်​ခဲ့​သည့်​ တောင်​ကို​ရီး​ယား​ စစ်​ သ​င်္ဘော​အ​ရေး​ အ​တွက်​ တိုက်​ရိုက်​ ဆွေး​နွေး​ရန် မြောက်​ကို​ရီး​ယား​က​ တောင်း​ဆို​မှု​အား​တောင်​ကို​ရီး​ယားဖက်​မှ​ ပယ်​ချ​ လိုက်​ကြောင်း သိ​ရ​သည်​။​

(​၁၉၅၀)​မှ​(​၅၃)​ခု​နှစ်​အ​တွင်း​ဖြစ်​ပွား​ခဲ့​သည့်​ကို​ရီး​ ယား​ကျွန်း​ဆွယ် စစ်​ပွဲ​က​တည်း​က​ပြိုင်​ဖက်​များ ​အ​သွင်​ ရပ်​တည်​နေ​ခဲ့​သော ​နှစ်​နိုင်ငံ​ သည် မတ်​လ (​၂၆)​ ရက်​နေ့​က​ မြောက်​ကို​ရီး​ယား ​ရေငုပ်​ သ​င်္ဘော​ တစ်​စင်း​မှ​ပစ်​ လွှတ်​လိုက်​သည်​ဟု ယူ​ဆ​ ရ​သည့်​ တော်​ပီ​ဒို​ထိ​မှန်​ပြီး​နောက်​နစ်​မြုပ်​ခဲ့​ရ​ပြီး​တောင်​ ကို​ရီး​ယား ရေ​တပ်​သား​ (​၄၆) ဦး​ သေ​ဆုံး​ခဲ့​သည့်​ကိ​စ္စ​ကြောင့်​ဆိုး​ဆိုး​ရွား​ရွား တင်း​မာ​လျက်​ရှိ​သည်​။​ တောင်​ကို​ရီး​ယား​သည်​ယင်း​ကိ​စ္စ​ကြောင့်​မြောက်​ ပိုင်း​ကွန်​မြူ​နစ် နိုင်ငံ​သို့​ပေး​ပို့​နေ​သည့်​လူ​သား​ချင်း​ စာ​နာ​မှု​အ​ထောက်​အ​ပံ့​အ​ တော်​များ​များ​ကို ရပ်​ဆိုင်း​လိုက်​ကြောင်း​ကြေ​ညာ​ထား​သည်​။​ မြောက်​ကို​ရီး​ယား​က​မူ​ယ​ခု​သ ​င်္ဘော နစ်​မြုပ်​မှု​တွင်​၎င်း​တို့​ပါ​ဝင်​ပတ်​သက်​နေ​သည်​ဆို​သော​ဖော်​ပြ​ချက်​ များ​အား ငြင်း​ဆို​ထား​ပြီး​အ​ဆို​ပါ​ကိ​စ္စ​ကြောင့်​ကု​လ​သ​မ​ဂ္ဂ​က​တ​စုံ​တ​ရာ အ​ရေး​ယူ​လာ​ပါ​က​စစ်​ရေး​ဖြင့်​တုန့်​ပြန်​သွား​မည်​ဟု​ကြေ​ညာ​ထား​သည်​။ ယ​ခု​အ​ခါ​မြောက်​ကို​ရီး​ယား​က​သ​င်္ဘော​နစ်​မြုပ်​မှု​အ​တွက်​တိုက်​ရိုက် ​စ​ကား​ပြော​ရန် တောင်း​ဆို​လာ​သော်​လည်း​ဆိုး​မြို့​တော်​ရှိ​တောင်​ကို​ရီး​ယား​အ​စိုး​ရ​က ငြင်း​ပယ်​လိုက်​ကြောင်း​တောင်​ကို​ရီး​ယား နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ဌာ​န ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ကင်​ယွန်​ဆန်း​က​ပြော​ကြား​ခဲ့​သည်​။​ ၎င်း ​က တောင်​ကို​ရီး​ယား​အ​စိုး​ရ​သည်​ကု​လ​သ​မ​ဂ္ဂ​လုံ​ခြံု​ရေး​ကောင်​စီ​၏​ဆွေး ​နွေး​မှု​အ​တွက်​သာ အ​ပြည့်​အ​ဝအာ​ရုံ​စိုက်​သွား​မည်​ဟု​ပြော​ဆို​ထား​သ​ည်​။​မ​က္က​စီ​ကို​ နိုင်ငံ​က​မူ တောင်​ကို​ရီး​ယား​အား​မြောက်​ကို​ရီး​ယား​နှင့်​တိုက်​ရိုက်​ဆွေး​နွေး​မှု ​ကို လက်​ခံ​ရန်​တိုက်​တွန်း​ထား​သည်​။​

တောင်​ကို​ရီး​ယား​ ကာ​ကွယ်​ရေး​ ဝန်​ကြီး ကင်​တေယွန်း​က​သ​င်္ဘော​ပျက်​တွင်​တွေ့​မြင်​ရ​သည့်​ သက်​သေ​ အ​ထောက်​အ​ထား​ များ​က မြောက်​ကို​ရီး​ယား​၏​ လက်​ချက်​ဆို​သည်​ကို​ ညွှန်​ပြ​ နေ​သ​ဖြင့်​၎င်း​တို့​ ထံ​မှ ဖြေ​ရှင်း​ချက်​ မ​လို​တော့​ကြောင်း ​သ​တင်း​ထောက်​များ​အား​ပြော​ကြား​ခဲ့​ သည်​။ ယ​ခု​လုပ်​ရပ်​သည်​လူ​သတ်​မှု​၊​ဓား​ပြ​မှု​များ​ကဲ့​သို့​ဆိုး​ရွား​သော​ ရာဇ​ဝတ်​မှု​ပင်​ ဖြစ်​ကြောင်း​လည်း ယင်း​က​မှတ်​ချက်​ပြု​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here