​အ​မေ​ရိ​ကန်​တို့​ အဝ​လွန်​မ​ှု​မြင့်​တက်​လာ​နေ​ကြောင်း​ ​စစ်​တမ်း​များ​က ​ဖော်​ပြ

alt

အမေရိကန်တို့ အဝလွန်မှုသည် တစထက်​ တစ မြင့်တက်​ လာနေကြောင်း စစ်တမ်းများက ဖော်ပြ​ ခဲ့သည်။ ကိုလံဘီယာရှိ အမေရိကန် ကျန်းမာရေး ယုံကြည်မှု​ ဌာနက နိုင်ငံ​ အတွင်းရှိ ပြည်နယ် (၂၈) ခု တွင် စစ်တမ်း​ ကောက်ခံ လေ့လာ​ ခဲ့ရာ ယခုရလဒ်ကို တွေ့ရှိ ခဲ့ခြင်း​ ဖြစ်သည်။

ယင်းစစ်တမ်း​ အတွက် ရောဘတ်ဝုဂျွန်ဆင် ဖောင်ဒေးရှင်းကလည်း ပူးပေါင်း​ ကူညီမှုများ ပြုလုပ်ခဲ့သည်။ လေ့လာမှုများ​ အရ အရွယ်ရောက်သူ အမေရိကန်​ ဦးရေ (၂၅)​ ရာခိုင်နှုန်းကျော်သည် ရှိသင့်​ ရှိထိုက်သည့် ကိုယ်​ အလေးချိန်ထက် ပိုမို​ များပြား​ နေကြောင်း ဖော်ထုတ်​ တွေ့ရှိခဲ့သည်။ (၁၉၉၁)​ ခုနှစ်​ ကမူ အဝ​ လွန်မှု အတိုင်းအတာသည် နိုင်ငံ​ လူဦးရေ၏ (၂၁)​ ရာခိုင်နှုန်း အောက်တွင်သာ​ ရှိသည်။ ယခု​ လေ့လာမှုများ​ အရ တောင်ပိုင်း​ ဒေသများတွင် အဝ​ လွန်မှုသည် ပိုမို​ သိသာစွာ မြင့်တက်နေကြောင်း သိရသည်။ မစ္စစ္စပီ​ ဒေသတွင် အဝလွန်သူ အရေအတွက် တိုးပွားမှုသည် (၆)​ နှစ်ဆက်တိုက် ထိုးတက်လာနေကြောင်းလည်း စစ်တမ်းတွင် ဖော်ပြ​ ထားသည်။ အဝလွန်မှုသည် အမေရိကန်တွင် အကျယ်ပြန့်ဆုံး ပြည်သူ့​ ကျန်းမာရေး ခြိမ်းခြောက်မှုတစ်ခု အသွင်ကို ဆောင်လာကြောင်း အမေရိကန် ကျန်းမာရေး ယုံကြည်မှုဌာနမှ ဒါရိုက်တာဖြစ်သူ ဂျက်ဖရီလီဗီက ပြောကြားခဲ့သည်။

စစ်တမ်း​ အရ အမေရိကန် မိဘများ၏ (၈၄)​ ရာခိုင်နှုန်းသည် မိမိတို့၏ ကလေးများကို ပုံမှန်​ ကိုယ်အလေးချိန်တွင် ရှိနေသည်ဟု ယုံကြည်​ ကြသော်လည်း ကလေးများ၏ (၃)​ ပုံ​ (၁)​ ပုံမျှသည် ကိုယ်အလေးချိန် ရှိသင့်​ ရှိထိုက်သည်ထက် ပိုများနေကြောင်း သုတေသီများက သတိပေးထားသည်။ ဆရာဝန်များက ကလေးများ​ အတွက် ရည်ရွယ်​ ရောင်းချသည့် အစားအစာများတွင် သကြားနှင့် ဆီဓာတ်များ ပါဝင်မှု များပြားနေပြီး မုန့်ပဲ​ သွားရည်စာများ စားသုံးမှု မြင့်တက်​ လာခြင်းသည် အဓိက အကြောင်းရင်း​ တစ်ခု​ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here