​​ဘရစ်​တ​နီ​စ​ပီး​ယားစ်​အ​ပေါ်​သက်​တော်​စောင့်​ဟောင်း​၏​ ​စွပ်​စွဲ​ချက်​ ​ဘရစ်​တ​နီ​၏​ မိတ်​ဆွေ​များ​ တုန့်​ပြန်

alt

ဘရစ်တနီစပီးယားသည် ကလေးများအား ပြင်းပြင်း​ ထန်ထန် ရိုက်နှက်​ လေ့ရှိကြောင်း သူမ၏ သက်တော်စောင့်ဟောင်းက စွပ်စွဲခဲ့မှုအား ဘရစ်တနီ့ မိတ်ဆွေများက ငြင်းဆန်​ တုန့်ပြန်ခဲ့သည်။

ဘရစ်တနီ့ သူငယ်ချင်းများက People​ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အသက်​ (၂၉)​ နှစ်အရွယ် Pop​ အဆိုတော်သည် အကောင်းဆုံး မိခင်​ တစ်ယောက်​ ဖြစ်ကြောင်း ထောက်ခံ​ ခဲ့ကြသည်။ ဘရစ်တနီ၏ သက်တော်စောင့်​ အဖြစ် တာဝန်​ ထမ်းဆောင်ဖူးသူ ဖာနန်ဒို ဖလောရက်က ဗြိတိသျှ သတင်းဌာန တစ်ခုသို့ ဘရစ်တနီ၏ သားများ​ ဖြစ်သည့် အသက်​ (၄)​ နှစ်အရွယ် ပရက်စတန်နှင့် (၃)​ နှစ်​ အရွယ် ဂျေဒန်​တို့​ အတွက် စိုးရိမ်မိကြောင်း၊ ဘရစ်တနီသည် ကိုယ်​ အမူအရာ ကြမ်းတမ်းစွာဖြင့် ကလေးများအား ဆက်ဆံ​ လေ့ရှိကြောင်း ပြောကြား​ ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဘရစ်တနီ့ မိတ်ဆွေများက အဆိုပါ စွပ်စွဲချက်​ အားလုံးမှာ မှားယွင်းကြောင်း တုန့်ပြန်​ ခဲ့ကြသည်။ ဘရစ်တနီသည် သားနှစ်ဦးအား ခင်ပွန်းဟောင်း ကီဗင်ဖီဒါလိုင်းနှင့် ရခဲ့ခြင်းဖြစ်သည်။

ဘရစ်တနီနှင့် ရင်းနှီးသူများက ကလေးများသည် တရားရုံး ဆုံးဖြတ်ချက်​ အရ ဖခင်၏ အုပ်ထိန်းမှု​ အောက်တွင် ရှိနေသော်လည်း ဘရစ်တနီနှင့် လာရောက်​ နေထိုင်သည့် အချိန်တိုင်းတွင် ပျော်ရွှင်​ နေလေ့ရှိကြောင်း၊ ဘရစ်တနီသည် သားနှစ်ဦး​ အတွက် စံပြ​ မိခင်ကောင်း​ တစ်ဦး​ ဖြစ်ကြောင်း People​ သို့ ပြောကြားခဲ့ကြသည်။ လော့စ်အိန်ဂျယ်လိစ် ကလေးများနှင့် မိသားစုများ စောင့်ရှောက်ရေး ဌာနသည် ဖာနန်ဒို၏ ပြောစကားကြောင့် ဘရစ်တနီ၏ သားများနှင့် ဆက်ဆံရေး​ အပေါ် စုံစမ်းရန် ပြင်ဆင်နေကြောင်း RadarOnline သတင်း​ ဌာနက​ ဆိုသည်။ ဘရစ်တနီက မည်သို့သော စုံစမ်းမှုကို​ မဆို စိုးရိမ်မှု မရှိကြောင်း ပြောကြား​ ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here