Apple​ iPad​​ အား​ယှဥ်​ပြိုင်​ရန်​ Cisco ​က​ Tablet​ ​ကွန်​ပျူ​တာ ​ထုတ်​မည်

alt

Cisco​ က Apple​ ၏ထုတ်ကုန် iPad​ အား ယှဥ်ပြိုင်ရန် Tablet​ ကွန်ပျူတာ​ တစ်မျိုး ထုတ်လုပ်​ သွားမည်ဟု သိရှိ​ ရသည်။ ဈေးကွက်​ အတွင်း အကြီးအကျယ် အောင်မြင်မှု ရရှိ​ နေသည့် iPad​ အား ယှဥ်ပြိုင်​ နိုင်မည့်

Tablet ကွန်ပျူတာကို လာမည့်​ နှစ်ကုန်ပိုင်းတွင် စတင်ဖြန့်ချီရန် စီစဥ်​ ထားကြောင်း Cisco​ က အတည်ပြုခဲ့သည်။ Network​ ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ရာတွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး​ ဖြစ်သည့် Cisco​ သည် Clus​ အမည်ရှိ မျက်နှာပြင်​ အကျယ် (၇)​ လက်မရှိသော ကိုယ်ပိုင်​ Tablet​ ကွန်ပျူတာကို တီထွင်နေပြီဖြစ်သည်။

iPad​ တွင် ကင်မရာ မပါဝင်​ သော်လည်း Clus​ တွင် ရှေ့ဖက်ရော၊ နောက်ဖက်တွင်ပါ ကင်မရာများ တပ်ဆင်​ ပေးထားမည်ဟု Cisco​ ၏ အသံ​ နည်းပညာ​ ဆိုင်ရာ​ ဌာန ဒါရိုက်တာ ဘယ်ရီအို ဆူလီဗန်က ပြောကြားခဲ့သည်။ ၎င်းက Clus​ တွင် ဗီဒီယိုဖြင့် ဆက်သွယ်မှုသည် အဓိက​ ကျသော နည်းပညာ​ အဖြစ် ပါဝင်​ လာမည်ဟုလည်း မှတ်ချက်​ ပြုခဲ့သော်လည်း အသေးစိတ်​ ကျသည့် အချက်အလက်များကိုမူ ထုတ်ဖော်​ ပြောဆို​ ခဲ့ခြင်း မရှိပေ။

Clus​ သည် Google​ ကုမ္ပဏီထုတ် Operating System​ ဖြစ်သော Android​ ဖြင့် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ Gisco​ သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီကြီး (၆)​ ခု​ နှင့် Service​ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်​ လျက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here