ပါ​က​စ္စ​တန်​တွင်​ အ​သေ​ခံ​ဗုံး​ခွဲ​​ တိုက်​ခိုက်​မ​ှု​​ ဖြစ်​ပွား

alt

ပါကစ္စတန် နိုင်ငံတွင် အသေခံ ဗုံးသမားများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း (၄၂) ဦး ထက်မနည်း သေဆုံး သွားကြောင်း သိရသည်။ လာဟိုး မြို့လယ်ရှိ ဒါတာဂျန်ဘက် ဘာသာရေး ဗိမာန်တွင်

လူအများ ထောင်နှင့်ချီ ဝတ်ပြု ဆုတောင်းရန် စုရုံးနေစဥ် ယခုလို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးမြင့် လာနိုင်ကြောင်း ကယ်ဆယ်ရေး များက ပြောကြား ခဲ့သည်။ ဇူလိုင်လ (၂)ရက်နေ့ တိုက်ခိုက်မှု အတွင်း နောက်ထပ် (၁၇၅) ဦး ထက်မနည်း ဒဏ်ရာများ ရရှိ သွားကြောင်းလည်း သိရသည်။ ယခု အသေခံ ဗုံးခွဲမှုသည် လပိုင်းအတွင်း လာဟိုးတွင် ဒုတိယမြောက် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ မေလ နှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် အဖွဲ့များဟု ယူဆ ရသူများကြောင့် လူ (၉၄) ဦး သေဆုံးခဲ့သည်။ လုံခြံုရေး ကင်မရာ မှတ်တမ်းများ အရ ယခု ဗုံးခွဲမှုတွင် အသေခံ ဗုံးသမား နှစ်ဦး အနည်းဆုံး ပါဝင်ပြီး ပထမ ဗုံးသမားအား လုံခြံုရေး ဝန်ထမ်း တစ်ဦးက တားဆီးရန် ကြိုးပမ်း ခဲ့သေးကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ဗုံး ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဝတ်ပြုနေသည့် လူအုပ်ကြီးမှာ လမ်းမများ ပေါ်သို့ ဒေါသ တကြီး ထွက်လာကာ ရမ်းကား ခဲ့ကြကြောင်း မျက်မြင်များကဆိုသည်။

အစိုးရသည် ရုပ်မြင်သံကြား ဌာနများအား အသေခံ ဗုံးသမားများ၏ ရုပ်ပုံလွှာကို ထုတ်လွှင့် ပြသခြင်း မပြုရန် တားမြစ် ထားကြောင်း သိရသည်။ ပါကစ္စတန် အစိုးရသည် ယခုကိစ္စနှင့် ပတ်သက်ပြီး တာလီဘန် အကြမ်းဖက်သမားများ၏ လက်ချက်အဖြစ် စွပ်စွဲထားသော်လည်း မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို တိတိကျကျ မဖော်ထုတ်နိုင်သေးဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here