​အ​ခက်​အ​ခဲ​ဆုံး​ ပုစ္ဆာများကို​ ​ဖြေ​ရှင်း​ နိုင်​ခဲ့​သည့်​ ​ရု​ရှား​​ သ​င်္ချာ​ ပ​ညာ​ရှင်​ ​ဆု​ငွေ​​ လက်​ခံရန်​​ ငြင်း​ပယ်

alt

ကမ္ဘာပေါ်တွင် အခက်ခဲဆုံးဟု သတ်မှတ် နိုင်သည့် ပုစ္ဆာများကို ဖြေရှင်း နိုင်ခဲ့သည့်အတွက် ပေးအပ် ချီးမြှင့်သော ဆုငွေ ဒေါ်လာ (၁) သန်းကို ရုရှား သင်္ချာ ပညာရှင် တစ်ဦးက ငြင်းဆန် လိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ ကာလေး သင်္ချာပညာရပ် ဆိုင်ရာ ပညာရေး ဌာနတွင် ၎င်းအား ဆုငွေ ချီးမြှင့်မှုအား ငြင်းဆန် လိုက်ခြင်းသည် ထိုဆုကို ၎င်းရယူရန် မထိုက်တန်ဟု ယူဆ သဖြင့် ဖြစ်ကြောင်း ဂရီဂေါ်ရီ ပီရယ်မန်က ရုရှား သတင်းဌာနများသို့ ပြောကြား ခဲ့သည်။ ယင်းက ပုစ္ဆာများကို တီထွင်ခဲ့သည့် အမေရိကန် သင်္ချာ ပညာရှင် ရစ်ချတ် ဟယ်မီတန်သာ ရသင့်သည်ဟု ယူဆ သဖြင့် ယခုလို ငြင်းခဲ့ခြင်း ဖြစ်ကြောင်း ပီရယ်မန်ကဆိုသည်။

ကာလေး သင်္ချာ ပညာရပ် ဆိုင်ရာ ပညာရေး ဌာနက ပီရယ်မန်အား ဆုငွေ ချီးမြှင့်မှု သတင်းနှင့် ၎င်းက ငြင်းဆန်ခဲ့မှု တို့ကို ဌာန၏ တရားဝင် ဝက်ဆိုက်တွင် ရေးသား ဖော်ပြ ခဲ့သည်။ ဌာန ၏ အဆိုအရ ပီရယ်မန်သည် 4 Dimension နှင့် ၎င်းထက်မက ရှုပ်ထွေးသော အခြေအနေများကို ပညာ စမ်းထားသည့် အလွန် ခက်ခဲ သိမ်မွေ့သည် ပုစ္ဆာများကို ဖြေဆို ပြနိုင် ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here