Sony​ Vaio​ ​လက်ပ်​တော့​များ​ ​အ​ပူ​လွန်​ကဲ​မှု​ ​အ​န္တ​ရာယ်​များ​

alt

Sonyကုမ္ပဏီထုတ် Vaio​ အမျိုးအစား Laptop​ ပေါင်း သန်းဝက်မျှသည် အပူ လွန်ကဲမှု အန္တရာယ်များ ရှိနေကြောင်း သိရ သည်။ ဂျပန် အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးက Laptop များ

အပူလွန်ကဲရာမှ အသုံးပြုသူများကို လောင်ကျွမ်း ထိခိုက်မှု ဖြစ်စေ နိုင်ကြောင်း ဝန်ခံ ခဲ့သည်။ Vaio F နှင့် C အမျိုးအစား Laptop ပေါင်း (၅၃၅၀၀၀) မျှသည် နည်းပညာ လွဲမှားမှုကြောင့် ယခု ကဲ့သို့ အပူလွန် နိုင်သည့် အခြေအနေမျိုး ဖြစ်နေခြင်းဟု Sony က ဆိုသည်။ အဆိုပါ Laptop များ အနက် (၂၆၀၀၀၀) ကျော်မှာ အမေရိကန်၊ (၁၀၃၀၀၀) ကျော်မှာ ဥရောပ၊ (၁၂၀၀၀၀) ကျော်မှာ အရှေ့တောင် အာရှနှင့် (၅၂၀၀၀) ကျော်မှာ ဂျပန်တွင် ရှိနေပြီး ယင်းတို့ကို ပြုပြင် မွမ်းမံမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ကုမ္ပဏီက အတည်ပြုခဲ့သည်။ Sonyက ယခု အချိန်ထိ အပူလွန်သည့် ကိစ္စဖြင့် ကုမ္ပဏီအား ဆက်သွယ်အရေးဆိုလာမှု (၃၉)ခုအား လက်ခံ ရရှိ ထားကြောင်း ပြောကြားခဲ့သည်။

Sony သည် Vaio F နှင့် C စီးရီး Laptop များကို ယခုနှစ် ဇန်နဝါရီလက စတင် ရောင်းချ ခဲ့ခြင်းဖြစ်သည်။ Sonyသည် Vaio Laptop များကို ပြန်လည် သိမ်းယူ ပြင်ဆင်မှု ပြုလုပ်ပေးရသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ (၂၀၀၈)ခုနှစ်ကလည်း လျှပ်စီးပတ်လမ်းတွင် ချွတ်ယွင်းချက်များ ရှိနေကြောင်း ကြေညာကာ Vaio Laptop (၄၄၀၀၀၀) ကျော်ကို ပြန်လည် သိမ်းယူ ခဲ့ရဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here