ဂျိုလီကဲ့သို့ အောင်မြင်မှုမျိုး မမျှောင်လ့င်ပါဟု Twilight မင်းသမီးပြော

alt

Twilight​​ မင်း​သ​မီး ခ​ရစ်​စ​တီ​ယန်​စ​တီး​ဝပ်​က​ သူ​မ​ အ​နေ​နှင့်​ ဟော​လီး​ဝုဒ်​ မင်း​သ​မီး​ အိန်​ဂျယ်​လီ​နာ ဂျို​လီ​ကဲ့​သို့ ​ကြီး​မား​သော ​အောင်​မြင်​မှု​များ​ရ​ရှိ​လိမ့်​မည်​ဟု​ မည်သည့်​ အ​ခါ​က​မျှ မ​မျှော်​လင့်​ခဲ့​ပါ​ဟု​ ထုတ်​ဖော်​ ပြော​ကြား​ သွား​သည်​။

​အ​သက် (​၂၀)​ အ​ရွယ် စ​တီး​ဝပ်​က​ သူ​မ​သည်​ ကင်​မ​ရာ​သ​မား​တိုင်း​ အာ​ရုံ​စိုက်​ ရ​လောက်​သည့်​ ထင်ရှား​ ကျော်​ကြား​သော အောင်​မြင်​မှု​မျိုး​ ရ​လာ​ရန်​မ​ယုံ​ကြည်​ခဲ့​ကြောင်း​ဝန်​ခံ​ခဲ့​သည်​။​ ယခု​အ​ခါ က​မ္ဘာ​ပေါ်​တွင်​ အ​အောင်​မြင်​ဆုံး​ မင်း​သ​မီး​ တစ်ဦး​ဖြစ်​လာ​သည့်​ စ​တီး​ဝပ်​က သူ​မ​သည်​ ဂျို​လီ​ကဲ့​သို့​ဘ​ဝ​မျိုး​ကို​ တစ်​ခါ​မျှ​ မ​မျှော်​မှန်း​ခဲ့​ကြောင်း ပြော​ဆို​သွား​သည်​။​ဂျို​လီ​သည်​ အ​ချော​ဆုံး​၊​ အ​ရည်​အ​သွေး​ အ​ပြည့်​မီ​ဆုံး​၊ အ​အောင်​မြင်​ဆုံး​၊​ အံ့​အား​သင့်​စ​ရာ​များ​ပြည့်​နှက်​နေ​သည့်​ အ​မျိုး​သမီး​တစ်ဦး ​ဖြစ်​ကြောင်း စ​တီး​ဝပ်​က ​ချီး​ကျူး​ခဲ့​သော်​လည်း​ သူ​မ​၏​ ဘ​ဝ​ကို​ အား​မ​ကျ​သ​လို​ ဂျို​လီ​၏ အ​ဓိ​က ​ပ​ရိ​သတ်​တစ်ဦး ​ဖြစ်​လာ​မည်​ မ​ဟုတ်​ကြောင်း​ပြော​ကြား​ခဲ့​သည်​။

Hello!​ မ​ဂ္ဂ​ဇင်း​နှင့်​အင်​တာ​ဗျူး​တွင်​စ​တီး​ဝပ်​က​အ​မျိုး​သ​မီး​တိုင်း ဂျို​လီ့​ဘ​ဝ​ကို​ အား​ကျ​ခြင်း​အား​နား​လည်​ကြောင်း​၊​ သို့​သော်​လည်း​သူ​မ​ က​မူ ကိုယ်​ပိုင်​ ဘဝ​ဖြင့်​ပင်​ ကျေ​နပ်​ ပျော်​ရွှင်​နေ​ကြောင်း​ပြော​ဆို​သွား​ သည်​။ စ​တီး​ဝပ်​သည်​ Twilight​ မှ​တွဲ​ဖက်​သ​ရုပ်​ဆောင်​ဗြိ​တိ​သျှ​မင်း​သား​ရော​ ဘတ်​ပက်​တင်​ဆန်​နှင့် ချစ်​သူ​ ဖြစ်​နေ​ကြောင်း​သ​တင်း​များ​လည်း​ ထွက်​ပေါ်​လျက်​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here