​သက်​ကြီး​ပိုင်း​​ အမျိုး​သား​များ​တွင်​ ​အ​ဖို​​ ဟို​မုန်း​ဓာတ်​ ​လို​အပ်​သည်​​ ထက်​ ​မြင့်​မား​နေ​တတ်

alt

အမေရိကန်တွင် ပြုလုပ်ခဲ့သည့် သုတေသန ရလဒ်များအရ သက်ကြီးပိုင်း အမျိုးသားများတွင် အဖိုဟိုမုန်း (Testosterone) လိုအပ်သည်ထက် မြင့်မားနေခြင်းကြောင့် နှလုံးရောဂါ ဖြစ်နိုင်ရန် ပိုမိုနီးစပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

ယင်းသုတေသန ရလဒ်ကို ဆန်ဒီယေဂိုတွင် ပြုလုပ်သည့် မျိုးပွားဆေးပညာ ညီလာခံတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အသက်(၆၅)နှစ်အထက် အမျိုးသား (၆၉၇)ဦး၏ ကျန်းမာရေး အခြေအနေကို အသေးစိတ် လေ့လာခဲ့ပြီးနောက် သုတေသီများက ယခုတွေ့ရှိချက်အား အတည်ပြုခဲ့သည်။ ဆရာဝန်များသည် သက်ကြီးပိုင်း အမျိုးသားများကို အုပ်စု(၄)ခုခွဲကာ ၎င်းတို့၏ အဖိုဟိုမုန်း မြင့်တက်မှုနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လေ့လာမှု ပြုလုပ်ခဲ့သည်။ ဆန်ဖရန်ဆစ္စကိုရှိ ကယ်လီဖိုးနီယား တက္ကသိုလ်မှ ဒေါက်တာခရစ်စတန် ဆူအိုကာက ဟိုမုန်းမညီမျှမှု အခြေအနေကြောင့် သက်ကြီးပိုင်းများတွင် နှလုံးအား ထိခိုက်မှု ပိုမိုဖြစ်စေနိုင်ကြောင်း ရှင်းပြခဲ့သည်။

ဟိုမုန်းအလွန်အကျွံ မြင့်တက်နေခြင်းသည် အသက်အန္တရာယ် ထိခိုက်နိုင်လောက်သည့် နှလုံးဖောက်ပြန်မှုမျိုး ဖြစ်စေနိုင်သလို ဟိုမုန်းကျဆင်းမှု များပြားနေပါက လိင်စိတ်ကင်းမဲ့မှုနှင့် စိတ်ကယောက်ကယက် ဖြစ်မှုများ တွေ့ကြံုရလေ့ရှိကြောင်း သူမကဆိုသည်။ သို့သော်လည်း ယင်းတို့သည် အသက်ဘေးအတွက် စိုးရိမ်လောက်အောင် မဖြစ်နိုင်ကြောင်း ဒေါက်တာခရစ်စတန်က ပြောကြားခဲ့သည်။ ထို့အပြင် အဖိုဟိုမုန်း မြင့်တက်နေခြင်းအား အများစုက မသိရှိကြခြင်းသည်လည်း အန္တရာယ်ရှိကြောင်း သူမက ဆက်လက်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here