Toyota မော်တော်ကားများ ပြန်လည် သိမ်းဆည်းမည်

alt

ဂျ​ပန်​ကား​ကု​မ္ပ​ဏီ Toyota​​ သည်​ အင်​ဂျင်​တွင်​ဖြစ်​ပေါ်​ နေ​သော​ ချွတ်​ယွင်း​ချက်​များ​ကြောင့်​ ကား​ အ​စင်း​ရေ (​၂၇၀၀၀၀)​ ကို​ပြန်​လည်​သိမ်း​ယူ​ရန်​ပြင်​ဆင်​ နေ​ကြောင်း ​သိ​ရ​သည်​။

Lexus​LS​​ ဆီ​ဒင်​အ​မျိုး​အ​စား​မော်​တော်​ကား​များ​အ​ပါ​အဝင်​ဇိမ်​ခံ​ကား​ များ​တွင် အင်​ဂျင်​ကို​မွမ်း​မံ​မှု​များ​ပြု​လုပ်​ရန်​အ​တွက်​ယ​ခု​လို​သိမ်း​ယူ​ ခြင်း​ဖြစ်​ကြောင်း Toyota​က​အ​တည်​ပြု​ခဲ့​သည်​။​Toyota​၏​ကား​များ​တွင်​လုံ​ခြံု​ရေး​အား​ နည်း​မှု​များ ရှိ​နေ​နိုင်​ကြောင်း​ဝေ​ဖန်​မှု​များ​ထွက်​ပေါ်​လာ​ပြီး​နောက်​မော်​တော်​ ယာဥ် ကု​မ္ပ​ဏီ​ကြီး​သည်​က​မ္ဘာ​တ​လွှား​မှ​ကား​စင်း​ရေ​(​၈.​၅)​သန်း​ကျော်​ထိ​ ပြန်​လည်​သိမ်း​ယူ​ကာ ပြင်​ဆင်​မှု​များ​ပြု​လုပ်​ပေး​ခဲ့​ပြီး​ဖြစ်​သည်​။​Toyota​၏​နောက်​ဆုံး​ ထုတ်​ပြန်​သော ကြေ​ညာ​ချက်​အ​ရ​ယ​ခု​သိမ်း​ယူ​မည့်​ကား​များ​တွင်​အ​မေ​ရိ​ကန်​ပြည်​တွင်း အ​သုံး​ပြု​နေ​သော​Lexus​ဆီ​ဒင်​ကား​ပေါင်း​(​၁၇၀၀၀)​လည်း​ပါ​၀င်​ကြောင်း သိ​ရှိ​ရ​သည်​။​စံ​ညွှန်း​များ​နှင့်​နှိုင်း​ယှဥ်​လျင်​အား​နည်း​မှု​များ ရှိ​နေ​သေး​သည့်​မော်​တော်​ယာဥ်​များ​ကို​သိမ်း​ယူ​ရန်​စီ​စဥ်​နေ​ခြင်း​ ဖြစ်​ကြောင်း Toyota​က​ရှင်း​ပြ​ခဲ့​သည်​။​

Toyota​သည်​ 4.6​liter​V8​ အင်​ဂျင်​နှင့်​ 3.5 liter​V6 အင်​ဂျင်​များ​တွင်​မွမ်း​မံ​ရန်​ အ​နာ​အ​ဆာ​အ​ချို့​ရှိ​နေ​ကြောင်း ဖော်​ထုတ်​တွေ့​ရှိ​ပြီး​နောက်​ယင်း​အင်​ဂျင်​များ​ တပ်​ဆင်​ထား​သည့်​​ Lexus LS460​၊​Lexus​LS600h​ စ​သည့်​မော်​တော်​ကား​ အ​မျိုး​အ​စား​အ​တော်​များ​များ ​ကို ပြန်​လည်​ သိမ်း​ယူ​မည်​ဖြစ်​သည်​။ ​Toyota​​ သည်​အင်​ဂျင်​ဆိုင်​ရာ​အား​နည်း​ ချက်​များ​ကြောင့် စော​ဒ​က​တက်​ထား​သည့်​တိုင်​ကြား​စာ​(​၂၀၀)​ ကျော်​ ကို​လက်​ခံ​ ရ​ရှိ​ထား​ ကြောင်း သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here