​ဘ​ရာ​ဇီး​လုံ​ခြံု​ရေး​များ​ကို​ ဘောင်း​ဘီ​ချွတ်​ပြ​သည့်​ ​အ​မေ​ရိ​ကန်​ လေ​ယာဥ်​မှူး

alt

အမေရိကန် လေကြောင်းလိုင်းမှ လေ​ယာဥ်​မှူး တစ်ဦးမှာ ဘရာဇီး နိုင်ငံတွင် လုံခြံုရေးများအား ဘောင်းဘီ ချွတ်ပြ သဖြင့် အဖမ်းခံ လိုက်  ရကြောင်း သိရသည်။

ဇွန်လ (၂၆) ရက်နေ့က လုံခြံုရေး စစ်ဆေးမှုများ ပြုလုပ်စဥ် အတွင်းခံ ဘောင်းဘီ ချွတ်ပြခဲ့သည့် လေ​ယာဥ်​မှူး မိုက်ကယ် ဒီဆလင်းအား ထိန်းသိမ်း ထား လိုက်ကြောင်း ရီယို ရဲတပ်ဖွဲ့က ဆိုသည်။ အသက် (၄၉) နှစ်ရှိ ဒီဆလင်းသည် လုံခြံုရေး တာဝန် ရှိသူများက ခါးပတ်ချွတ် ခိုင်းချိန်တွင် ရယ်မော လှောင်ပြောင်ကာ ထိုသို့ ပြုမူခဲ့ခြင်းဟု သိရသည်။ ရဲများသည် ဒီဆလင်းအား ဖမ်းဆီး ခဲ့သော်လည်း နောက်ပိုင်းတွင် ရီယိုမှ အမေရိကန် နိုင်ငံ၊ ဝါရှင်တန်ဒီစီသို့ ပျံသန်းမည့် ခရီးစဥ်အား ပြန်လည် ခွင့်ပြုလိုက်သည်။ ဘရာဇီး လေဆိပ်ရဲတပ်ဖွဲ့ အကြီးအကဲ ရာဖေးအန်ဒရက်တာက ပိုင်းလော့၏ အပြုအမူသည် လုံခြံုရေး စည်းမျဥ်းများနှင့် မလျော်ညီသလို တာဝန်ရှိသူများအား စော်ကား လှောင်ပြောင်ရာ ရောက်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် လေ​ယာဥ်​မှူးတစ်ဦး ဘရာဇီးတွင် အထိန်းသိမ်းခံရခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ (၂၀၀၄)ခုနှစ်ကလည်း အမေရိကန် လေကြောင်းလိုင်းမှ ပိုင်းလော့ဖြစ်သူ ဒေးရိုဘင်ဟက်ရှ်မှာ ဆော်ပေါ်လိုမြို့ လေဆိပ်အတွင်း ဓာတ်ပုံရိုက်စဥ် လက်ခလယ် ထောင်ပြခြင်းကြောင့် ခေတ္တအဖမ်းခံခဲ့ရဖူးသည်။ ထို့နောက်တွင်မူ ဘရာဇီး ရဲတပ်ဖွဲ့က ၎င်းအား ဒေါ်လာ(၁၃၀၀၀)ဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here