Diesel​ အ​မှတ်​တံ​ဆိပ်​ဖက်​ရှင်​​ ကြော်​ငြာ​ပို​စ​တာ​များ​ ​ဗြိ​တိန်​ ပိတ်​ပင်

alt

ဗြိ​တိန်​နိုင်ငံ​က​ ​နာ​မည်​ကျော်​ ​ဖက်​ရှင်​အ​မှတ်​တံ​ဆိပ်​ Diesel​​ ၏​ ​ကြော်​ငြာ​ပို​စ​တာ​များ​အား​ ​ပိတ်​ပင်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​လူ​ထု​အ​မြင်​နှင့်​ ​မ​သင့်​တော်​သော​ ​ဖော်​ပြ​မှု​များ​ကြောင့်​ ​ယ​ခု​လို​ ​ပိတ်​ပင်​ လိုက်​ခြင်း​ဖြစ်​ကြောင်း​ ​တာ​ဝန်​ရှိ​သူ​များ​က​ဆို​သည်​။​

Diesel​​ ၏​ ​ကြော်​ငြာ​ တစ်​ခု​တွင်​ ​အ​မျိုး​သ​မီး​ တစ်ဦး​သည်​ ​လှေ​ကား​ပေါ်​တက်​ကာ​ ​သူ​မ​၏​ ​အ​င်္ကျီ​ကို​ ချွတ်​ပြီး​ ​လုံ​ခြံု​ရေး​ ​ကင်​မ​ရာ​ရှေ့​တွင်​ ​ရင်​သား​များ​အား​ ​လှန်​ပြ​ နေ​သည့်​ပုံ​ကို​ ​ရိုက်​ကူး​ထား​သည်​။​ ​နောက်​ထပ် ​ပို​စ​တာ​ ​တစ်​ခု​တွင်​မူ​ ​အ​လွန်​သေးငယ်​သော​ ​ဘီ​က​နီ​ဝတ်​စုံ​ကို​ ​ဝတ်​ဆင်​ထား​သည့်​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​မှာ​ ​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​ ​အောက်​ပိုင်း​ ​အ​ရှေ့​ဖက်ကို​ ​ကင်​မ​ရာ​ဖြင့်​ ​ချိန်​နေ​စဥ်​ ​နောက်​ဖက်​မှ​ ​ခြ​င်္သေ့​ အ​ထီး​ တစ်​ကောင်​က​ ​ချဥ်းကပ်​ချောင်း​မြောင်း​နေ​သည့်​ဟန်​ ​ပုံ​ဖော်​ ထား​သည်​။​ ​ပို​စ​တာ​ ​နှစ်​ခု​လုံး​တွင်​ ‘Smart May Have The Brains, But Stupid Has The Balls. Be Stupid, Diesel’​ဟု​ ​ရေး​သား​ထား​သည်​။​ ​သို့​သော်​လည်း​ ​ဗြိ​တိ​သျှ​ ​ကြော်​ငြာ​အ​ဆင့်​အ​တန်း​ ​စောင့်​ကြည့်​မှု​ ​အာ​ဏာ​ပိုင်​အ​ဖွဲ့​ (ASA)​​ က​ ​ယင်း​ပို​စ​တာ​ ​နှစ်​ခု​လုံး​အား​ ​ပိတ်​ပစ်​လိုက်​သည်​။​ ​အီ​တ​လီ​ အ​ခြေ​စိုက်​ ​ဖက်​ရှင်​လုပ်ငန်း​ Diesel​​ က​မူ​ ၎င်း​တို့​၏​ ​ကြော်​ငြာ​သည်​ ​လူ​အ​များ​ကို​ ​ဆွဲ​ဆောင်​နိုင်​ပြီး​ ​ေ​ဈး​ကွက်​ပြိုင်​ဖက်​ French​ Connection​နှင့်​ Benetton​ကဲ့​သို့​ ​ဖက်​ရှင်​ကု​မ္ပ​ဏီ​များ​အား​ ​ယှဥ်​ပြိုင်​ရန်​ ​စိတ်​ကူး​ဆန်း​ဆန်း​ ​ပုံ​ဖော်​ထား​ခြင်း​ဟု​ ​အ​ကြောင်း​ပြ​ခဲ့​ပြီး​ ASA​၏​ ​ပိတ်​ပင်​မှု​ကို​ ​ရှုတ်​ချ​ခဲ့​ကြ​သည်​။​

ASA​က​ ၎င်း​တို့​ကန့်​သတ်​ထား​သည့်​ ​စည်း​မျဥ်း​အ​ရ​ ​ယင်း​ကြော်​ငြာ​များ​သည်​ ​အ​ဖော်​အ​ချွတ်​ ​ပြ​သ​မှု​များ​ ​မ​ရှိ​သည်​မှာ​ ​မှန်​သော်​လည်း​ ​က​လေးငယ်​များ​ ​ကြည့်​ရှု​မိ​ပါ​က​ ​အ​တွေး​မှား​၊​ ​အမြင်​မှား​ ​ဖြစ်​သွား​စေ​နိုင်​ကြောင်း​ ​ထောက်​ပြ​ခဲ့​သည်​။​ ASA​က​ Diesel​အ​နေ​နှင့်​ ​ယင်း​ပို​စ​တာ​များ​ကို​ ​လူ​အ​များ​ ​ဖြတ်​သန်း​သွား​လာ​နေ​သည့်​ ​နေ​ရာ​များ​တွင်​ ​ထား​ရှိ​ကြော်​ငြာ​ခွင့်​ ​မ​ရှိ​တော့​ဟု​ ​အ​တည်​ပြု​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here