ဂျာ​မ​နီ​အ​သင်း​မှ​ ​မာ​ဆွတ်​အို​ဇီ​အား​ ​အင်္ဂလန်​​ က​လပ်​အသင်း​များ​ ​အ​ပြိုင်​အ​ဆိုင်​​ ကမ်း​လှမ်း

alt

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲဝင် ဂျာမနီ အသင်း၏ တောင်ပံ တိုက်စစ်တွင် အကောင်းဆုံး ခြေစွမ်း ပြနေသည့် မာဆွတ်အိုဇီအား အင်္ဂလန် ကလပ် အသင်းများက အပြိုင် အဆိုင် ကမ်းလှမ်း နေကြောင်း သိရသည်။

အသက် (၂၁) နှစ်သာ ရှိသေးသည့် ဝါဒါဘရီမင် ကြယ်ပွင့်သစ် ကစားသမားလေးအား အင်္ဂလန်မြေသို့ ပြောင်းရွှေ့သင့်ကြောင်း ချဲလ်ဆီး အလယ်တန်းလူ မိုက်ကယ် ဘောလက်က အကြံပြုခဲ့သည်။ ယင်းအား စပိန် ထိပ်တန်း ကလပ်အသင်းကြီး ဘာစီလိုနာက စိတ်ဝင်စားလျက် ရှိသလို မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီး၊ အာဆင်နယ်စသည့် အင်္ဂလန် ထိပ်သီးများကလည်း အလိုရှိနေသည်။ အင်္ဂလန်အား ဂျာမနီက (၄-၁)ဖြင့် အနိုင်ယူရာတွင် အထူး ခြေစွမ်း ပြခဲ့သည့် လူငယ် ကစားသမားလေးက လက်ရှိ အချိန်တွင် ကမ္ဘာ့ဖလားကို ဂျာမန်တို့ ရယူနိုင်ရန်သာ အာရုံ စိုက်ထားကြောင်း ပြောကြားခဲ့သည်။ အိုဇီက မိမိ၏ ဂျာမန် အသင်းဖော်ဟောင်း ဘောလက်သည် ချဲလ်ဆီးတွင် အကောင်းဆုံး စွမ်းဆောင်မှုများ ပြုလုပ်ပြ ခဲ့ခြင်းသည် အင်္ဂလန်မြေသို့ ပြောင်းရွှေ့ကစားရန် မိမိအား ဆွဲဆောင် နိုင်ခဲ့ကြောင်း၊ သို့သော်လည်း စပိန် လာလီဂါမှာလည်း စိတ်လှုပ်ရှားမှု ရသအပြည့်ပါသည့် ပြိုင်ပွဲပင် ဖြစ်ကြောင်း ပြောဆိုသွားသည်။

အိုဇီအား ယခုနှစ်တွင် အသင်းအား အင်တိုက်အားတိုက် တောင့်တင်းအောင် ပြင်ဆင်နေသည့် မန်ချက်စတာစီးတီးကလည်း ပစ်မှတ်ထားနေသည်။ အိုဇီက ၎င်းအနေနှင့် အသင်းပြောင်းဖြစ်ပါက ဆုဖလားများစွာ ဆွတ်ခူးရယူနိုင်မည့် အသင်းမျိုးကိုသာ ပြောင်းရွှေ့ရန် အစီအစဥ်ရှိကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here