သွေးလှူဒါန်းမှု ငြင်းပယ်ခံရသဖြင့် ဘေဂျင်းကြက်ခြေနီ သွေးစင်တာကို Gay ဖြစ်သူက တရားစွဲဆို

alt

တ​ရုတ်​နိုင်ငံ​ရှိ Gay ​အ​မျိုး​သား​ တစ်ဦး​သည်​ ဘေ​ဂျင်း ​ကြက်​ခြေ​နီ​အ​ဖွဲ့​သွေး​စင်​တာ​ကို​ ဥပ​ဒေ​ကြောင်း​ အ​ရ ပ​ထ​မ​ဆုံး​ တ​ရား​စွဲ​သူ​ အ​ဖြစ်​မှတ်​တမ်း​ဝင်​သွား​သည်​။​

သွေး​စင်​တာ​က​ ၎င်း​ လှူ​ဒါန်း​သော​သွေး​ကို လက်​ခံ​ရန်​ ငြင်း​ဆန်​ လိုက်​ပြီး​နောက်​ က​လောင်​အ​မည်​ ဝမ်​ဇီ​ဇန်း​ဆို​သော Gay​ အယ်​ဒီ​တာ​က​ ဘေ​ဂျင်း ​ပြည်​သူ့​ တ​ရား​ရုံး​ချုပ်​မှ​ တ​ဆင့်​ တ​ရား​စွဲ​ လိုက်​ခြင်း​ ဖြစ်​သည်​။ ၎င်း​သည်​ ဇွန်​လ (​၆)​ ရက်​နေ့​က​  သွေး​လှူရန်​ ကြိုး​ပမ်း​ ခဲ့​သော်​လည်း​ Gay​ တစ်ဦး​၏​ သွေး​ကို သွေး​ဘဏ်​က ​လက်​မ​ခံ​ နိုင်​ကြောင်း​ ပြန်​ကြား​ ခဲ့​ပြီး​နောက်​ယ​ခု​လို​ တ​ရား​စွဲ​ လိုက်​ခြင်း​ဖြစ်​သည်​။ သွေး​ဘဏ်​မှ​ တာ​ဝန်​ရှိ​သူ​ တစ်ဦး​က​ လိင်​တူ​ဆက်​ဆံ​မှု​ ရှိ​မ​ရှိ​ကို​ထည့်သွင်း​ မ​စဥ်း​စား​သည့်​တိုင် Gay​ နှင့်​ Lesbian​ များ​ထံ​မှ​ သွေး​ကို​ ရ​ယူ​ရာ​တွင်​ စီ​စစ်​ တား​မြစ်​ချက်​ များ ရှိ​နေ​ကြောင်း​ အ​တည်​ပြု​ ပြော​ကြား​ခဲ့​သည်​။​ တ​ရား​စွဲ​ထား​သည့်​ဝမ်​က​ ၎င်း​သည် လူ​သား​ချင်း​ ခွဲ​ခြား​ ဆက်​ဆံ​မှု​ကို​ ခံ​ရ​သည်​ဟု​ ခံ​စား ​မိ​ကြောင်း​ဖွင့် ​ဟ​ခဲ့​သည်​။

လိင်​တူ​ချင်း​ ဆက်​ဆံ​မှု​သည်​ မည်​သည့်​ အ​မှား​မျှ​ မ​ရှိ​ကြောင်း​ ဝမ်​က ပေါက်​ကွဲ​ ပြော​ဆို​ခဲ့​သည်​။​ ဖဲ​ပြား​နီ​ ဖောင်​ဒေး​ရှင်း​မှ​ လီ​ယီ​လွန်​က​ မူ ပြည်​သူ​များ​ကြား​တွင်​ Gay​ များ​ အ​နေ​နှင့်​ HIV​ ပိုး​ရှိ​ရန်​ ပို​မို​ရာ​ ခိုင်​နှုန်း​များ​ကြောင်း ခိုင်​ခိုင်​မာ​မာ​ ယုံ​ကြည်​ နေ​ခြင်း​ကြောင်း​ဝမ်​၏​သွေး​ကို​ငြင်း​ဆန်​ခဲ့ ​ခြင်း​ဖြစ်​ကြောင်း ရှင်း​လင်း​ ပြော​ကြား ခဲ့​သည်​။​ဘေ​ဂျင်း​ရှိ​ NGO ​အ​ဖွဲ့​တစ်​ခု​ဖြစ်​သည့်​ ယာ​နင်​ ဖောင်​ဒေး​ရှင်း​မှ ဒါ​ရိုက်​တာ​လူ​ဂျန်​က ​လိင်​တူ​ချင်း​ ဆက်​ဆံ​သူ​များ​ ထက်​ လိင်​ ဆက်​ဆံ​ဖက် အ​မြောက်​အ​မြား​ ရှိ​သူ​များ​က​သာ ​HIV​ ပိုး​ကူး​ စက်​ခံ​ရ​ရန်​ ပို​မို​နီး​ စပ်​မှု​ရှိ​ကြောင်း သုံး​သပ်​ ပြောဆို​ သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here