တ​ရုတ်​နိုင်ငံ​မှ​ ​အ​ပမ်း​ဖြေဥ​ယျာဥ်​ ​မ​တော်​တ​ဆ​မှု​ ​လူ​ ၆ ဦး​ သေ​ဆုံး

alt

တ​ရုတ်​နိုင်ငံ​ရှိ​ ​အ​ပမ်း​ဖြေ​ ဥ​ယျာဥ်​တစ်​ခု​တွင်​ ​အာ​ကာ​သ​ယာဥ်​ပုံ​ ​အ​ပျော်​စီး​ စင်​မြင့်တစ်​ခု​ ​မ​တော်​တ​ဆ​ ​ကျိုး​ကျ​ခဲ့​ရာ​ ​လူ(​၆)ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​တ​ရုတ်​နိုင်ငံ​တောင်​ပိုင်း​ ​ရှန်​ဇန်း​ရှိ​ ​က​စား​ကွင်း​တစ်​ခု​တွင်​ ​ဖြစ်​ပေါ်​ခဲ့​သည့်​ ​ကြေ​ကွဲ​ဖွယ်​ ​ဖြစ်​ရပ်​အ​တွင်း​ ​နောက်​ထပ်(​၁၀)ဦး​လည်း​ ​ဒဏ်​ရာ​များ​ ​ရ​သွား​ကြောင်း​ ​ဇွန်​လ(​၃၀)​ရက်​နေ့​က​ ​ရှန်​ဇန်း​အုပ်​ချုပ်​ရေး​အ​ဖွဲ့​က​ ​အ​တည်​ပြု​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ယ​ခု​မ​တော်​တ​ဆမှု​နှင့်​ ​ပတ်​သက်​ပြီး​ ​ရဲ​တပ်​ဖွဲ့​က​ ​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​နေ​ဆဲ​ဖြစ်​ကြောင်း​ သိ​ရ​သည်​။​ ​ဟောင်​ကောင်​မှ​ ​မင်​ပိုး​နေ့​စဥ်​ ​သ​တင်း​စာ​က​ ​အ​ဆို​ပါ​ ​စင်​မြင့်​သည်​ ​ကေ​ဘင်​ခန်း​ (​၁၁)​ခု​ကို​ ​အ​မြင့်​သို့​ ​တင်​ဆောင်​သွား​နိုင်​ပြီး​ ​ကေ​ဗင်​တစ်​ခု​တွင်​ ​လူ(​၄)ဦး​ ​လို​က်​ပါ​နိုင်​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​

​မျက်​မြင်​များ​၏​ ​အ​ဆို​အ​ရ​ ​ကေ​ဘင်​တစ်​ခု​သည်​ ​ကျွတ်​ထွက်​သွား​ကာ​ ​အ​ခြား​ကေ​ဗင်​များသို့​ ​ရိုက်​မိ​ပြီး​ (​၁၅)​မီ​တာ​ ​အ​မြင့်​မှ​ ​ပြုတ်​ကျ​လာ​ကြ​ကြောင်း​၊​ ​မြေ​ကြီး​နှင့်​ ​ဆောင့်​မိ​ချိန်​တွင်​ ​အ​တွင်း​မှ​လူ​များ​ ​လွင့်​ထွက်​သွား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ​ရှန်​ဇန်း​တောင်​ပိုင်း​ရှိ​ ​အ​ဆို​ပါ​ ​အ​ပမ်း​ဖြေ​ ဥ​ယျာဥ်​သည်​ ​ဟောင်​ကောင်​မှ​ ​မြောက်​ပိုင်း​သို့​ ​တစ်​နာ​ရီ​မျှ​ ​ကား​စီး​သွား​ရုံ​နှင့်​ ​ရောက်​ရှိ​နိုင်​သော​ ​အ​ကွာ​အ​ဝေး​တွင်​ ​ရှိ​နေ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here