ကမ္ဘာ့ဖလား​ ကွာတား​ ဖိုင်နယ်ရောက် အသင်းများတွင် မန်ယူနှင့်​ ချဲလ်ဆီး​ ကစား​ သမားများ မပါ

alt

အ​င်္ဂလန်​နိုင်ငံ​မှ မန်​ချက်​စ​တာ​ယူ​နိုက်​တက်​နှင့်​ချဲလ်​ဆီး​တို့​သည်​က​မ္ဘာ​ပေါ်​တွင်​အ​ ကောင်း​ဆုံး ဘော​လုံး​က​လပ်​များ​အ​နက်

​စာ​ရင်း​ဝင်​နေ​သည်​ကို​ဘော​လုံး​ပ​ရိ​သတ်​ တိုင်း လက်​ခံ​ထား​ကြ​သည်​။​ယင်း​တို့​သည်​​ က​မ္ဘာ​ကျော်​ဘော​လုံး​သ​မား​များ​ကို စု​ဆောင်း​ထား​သော်​လည်း​လက်​ရှိ​​ တောင်​အာ​ဖ​ရိ​က​တွင်​ကျင်း​ပ​နေ​သည့်​က​ မ္ဘာ့​ဖ​လား ဘော​လုံး​ပြိုင်​ပွဲ​​ ကွာ​တား​​ ဖိုင်​နယ်​ရောက်​​ (​၈)​​ သင်း​တွင်​​ အ​ဆို​ပါ​​ အ​သင်း​ကြီး​​ နှစ်​ခု​မှ က​စား​သ​မား​တစ်ဦး​မျှ​​ ပါ​မ​လာ​တော့​သည်​ကို​​ အံ့ဩ​ဖွယ်​​ တွေ့​မြင်​ရ​သည်​။ မူ​လ​က​​ (​၃၂)​​ သင်း​​ ယှဥ်​ပြိုင်​သော က​မ္ဘာ့ဖ​လား​တွင်​​ ယူ​နိုက်​တက်​နှင့်​​ ချဲလ်​ဆီး​တို့​မှ​​ က​စား​သ​မား​ ​(၂၃)​ ဦး ပါ​ဝင်​က​စား​ခဲ့​သော်​လည်း​​ (​၁၆)​​ သင်း​​ ရှုံး​ထွက်​​ အ​ဆင့်​မှ​​ ထွက်​ခွာ​ခဲ့​ ရ​သော အ​သင်း​များ​တွင်​​ နာ​မည်​ကြီး​ဝိန်း​ရူ​နီ​၊​​ ဒီ​ဒီ​ရာ​ဒ​ရော့​ဘာ​၊​ ​ဂျွန်တယ်​ရီ​၊ ပက်​ဂျီ​ဆန်​​ အ​စ​ရှိ​သည့်​​ က​စား​သ​မား​များ​​ အား​လုံး​ပါ​သွား​ခဲ့​သည်​။​

သို့​သော်​လည်း ယင်း​နှစ်​သင်း​၏​​ အ​စဥ်​အ​လာ​ ​ပြိုင်​ဖက်​များ​​ ဖြ​စ်​သည့်​​ အာ​ဆင်​နယ်​နှင့် လီ​ဗာ​ပူး​တို့​မှ​​ နာ​မည်​ကျော်​​ က​စား​သ​မား​များ​ ​ဖြစ်​သည့်​​ ဆက်​ဖာ​ဘ​ရီ​ ဂက်​၊ ရော်​ဘင်​ဗန်​ပါ​စီ​၊​ဖာ​နန်​ဒို​​ တော​ရက်စ်​၊​ဒတ်​ကွတ်​၊​ဟာ​ဗီး​ယား​မာ​ချီ ​ယာ​နို စ​သူ​များ​မှာ​မူ​ ၎င်း​တို့​၏​​ သက်​ဆိုင်​ရာ နိုင်ငံ​​ လက်​ရွေး​စင်​​ အ​သင်း​များ​နှင့်​အ​တူ​​ ကွာ​တား​​ ဖိုင်​နယ်​​ အ​ဆင့်​ တွင် ယှဥ်​ပြိုင်​ခွင့်​ ​ရ​ရှိ​သွား​ပြီ​​ ဖြစ်​သည်​။​​ ထို့​အ​တူ​​ တော့​တင်​ဟမ်​ဟော့​ စ​ပါး​မှ ဟီ​ရူ​ဟို​ဂိုး​မက်​၊​မန်​ချက်​စ​တာ​စီး​တီး​မှ​ရော်​ဘင်​ညို​၊​ရို​ကေး​ဆန် ​တာ​ခ​ရု​၊ ကား​လို့​တီ​ဗက်စ်​တို့​မှာ​လည်း​​ က​မ္ဘာ့​ဖ​လား​ကို​​ ဆက်​လက်​ယှဥ်​ပြိုင်​နေ ​ဆဲ​ဖြစ်​သည်​။ ထို့​အ​ပြင်​​ စီး​တီး​မှ​ ​နောက်​ဆုံး​ခေါ်​ယူ​လိုက်​သည့်​စ​ပိန်​လက်​ရွေး​စင် ဒေး​ဗစ်​ဆေး​ဗား​လည်း​​ ကွာ​တား​ဖိုင်​နယ်​တွင်​​ ပါ​ရာ​ဂွေး​နှင့်​​ ရင်​ဆိုင်​ရန် အ​သင့်​ရှိ​နေ​သည်​။​

ဝီ​ဂန်​၏​​ ဂါ​နာ​ဂိုး​သ​မား​​ ရစ်​ချတ်​ကင်း​စ​တန်း​မှာ​ လည်း က​မ္ဘာ့​ ​ဖ​လား​တွင်​​ ဆက်​လက်​ယှဥ်ပြိုင်​နေ​ဆဲ​ဖြစ်​ပြီး​​ ဆန်း​ဒါး​လန်း​မှ​က ​စား​သ​မား (​၃)​ ဦး​​ လည်း​​ ဆက်​လက်​ ​ပါ​ဝင်​ခွင့်​​ ရ​နေ​ဆဲ​ဖြစ်​ကြောင်း​​ သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here