Microsoft​ ၏ Kin မိုဘိုင်းဖုန်းအား ဈေးလျှော့​ ရောင်းချ​နေ

alt

Microsoft​ ကု​မ္ပ​ဏီ​သည်​​ ၎င်း​​ တို့​ထုတ်​ လုပ်​သော​ ​မို​ဘိုင်း​ဖုန်း အ​မျိုး​အ​စား​သစ်​ Kin ​အား​စ​တင်​ရောင်း​ချ​ပြီး​နောက်​​ (​၄၈)​​ ရက်​​ အ​တွင်း​​ ဈေး​လျှော့​ပေး​​ နေ​ရ​ကြောင်း သိ​ရ​သည်​။

​ေ​ဈး​ကွက်​ အ​တွင်း​ စိတ်​ပျက်​​ စ​ရာ​ ကောင်း​လောက်​အောင်​​ ရောင်း​ အား​ကင်း​မဲ့​​ နေ​သည့်​အ​တွက် လူငယ်​ကြိုက် ​ပုံ​စံ​ ထုတ်​လုပ်​​ ထား​သည့်​ Kin​​ အား​ ယ​ခု​လို​ လျှော့​ေ​ဈး​ ဖြင့် ရောင်း​ချ​ကာ​ ​ထုတ်​လုပ်​မှု​​ ရပ်​ဆိုင်း​ရန်​​ စီ​စဥ်​ နေ​ရ​ခြင်း​ဟု​ဆို​သည်​။ Forrester​ နည်း​ပ​ညာ​ ​လေ့​လာ​ရေး​​ သု​တေ​သ​န​ဌာ​န​မှ​​ ချား​ဂို​ဗ​လင်​က​ ယ​ခု​ ကိ​စ္စ​သည် Microsoft​ အ​တွက်​​ ရှင်း​ရှင်း​လင်း​လင်း​​ မြင်​သာ​သည့်​​ ေ​ဈး​ကွက်​​ ကျ​ဆုံးမှု​ ​ဖြစ်​ကြောင်း သုံး​သပ်​​ ခဲ့​သည်​။​ Microsoft​ သည်​​ မို​ဘိုင်း​ဖုန်း​​ ေ​ဈး​ကွက်​တွင်​နည်း​ပ​ညာ ပြိုင်​ဖက်​များ​​ ဖြစ်​သည့်​ Apple​ ၏ ​iPhone ​နှင့် ​Google​ ၏​ Andriod​OS ​သုံး ဖုန်း​များ​အား​​ မ​ယှဥ်​နိုင်​ခဲ့​ပေ​။​ ​ဂို​ဗ​လင်​က​ ​Microsoft​​ သည်​​ ၎င်း​၏​ ထုတ်​ကုန်​​ တစ်​ခု​အား အ​လွန်​ ​တို​တောင်း​သော​​ အ​ချိန်​အ​တွင်း​​ အ​ရှုံး​ပေး​​ အ​ဆုံး​သတ်​လိုက်​ခြင်း ​အ​တွက် အ​လွန်​အံ့ဩ​​ မိ​ကြောင်း​​ ပြော​ကြား​ခဲ့​သည်​။​

Microsoft​ သည်​ ယ​ခု​လော​လော​ ဆယ်​တွင် Apple​ ၏ ​iPad ​အား​ယှဥ်​ပြိုင်​မည့်​ Tablet​ ကွန်​ပျူ​တာ​ အ​သစ်​တစ်​မျိုး​အား အာ​ရုံ​စိုက်​ တီ​ထွင်​နေ​ပြီ​ဖြစ်​သည်​။​ Microsoft ​က ​Kin​ အ​တွက်​ခန့်​အပ်​ ထား​သော ဝန်ထမ်း​များ​အား​ ၎င်း​၏​ မို​ဘိုင်း​ဖုန်း​ OS​ နည်း​ပ​ညာ​သစ်​​ ဖြစ်​သော​ Phone 7​ အ​တွက်​ရွှေ့​ပြောင်း​ လိုက်​ကြောင်း​ အ​တည်​ပြု​ခဲ့​သည်​။​ Microsoft​ သည် Kin​ အ​တွက်​ Higher-End​ အ​ဆင့်​သတ်​မှတ်​ထား​သည့်​ဖုန်း​များ​ကို​ ဒေါ်​လာ(​ ၂၀၀)​မှ ဒေါ်​လာ(​၅၀)​သို့​ေ​ဈး​လျှော့​လိုက်​ပြီး​ Stripper-Down​Version​ ကို​မူ​ ဒေါ်​လာ(​၁၅၀) သတ်​မှတ်​ထား​ရာ​မှ​ဒေါ်​လာ(​၃၀)​သို့​ပြောင်း​လဲ​လိုက်​ကြောင်း​သိ​ရှိ​ရ​ သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here