တ​ရုတ်​မင်း​သ​မီး​ဂေါင်​လီ​နှင့်​ ​ခင်​ပွန်း​သည်​ ​ကွာ​ရှင်း​ပြတ်​စဲ

alt

နာ​မည်​ကြီး​ ​တ​ရုတ်​မင်း​သ​မီး​ ​ဂေါင်​လီ​သည်​ ​ခင်​ပွန်း​သည်​နှင့်​​ ​ကွာ​ရှင်း​ လိုက်​ပြီ​ဟု ​သိ​ရ​သည်​။​ ​ဂေါင်​သည်​ ​ယ​ခု​အ​ခါ​ ​စ​င်္ကာ​ပူ​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​ရှင်​ ​အွိုင်​ဟို​ဆွန်း​နှင့်​ ​အ​တူ​ မ​နေ​တော့​ဘဲ​ ​ဟို​တယ်​ တစ်​ခု​တွင်​ ​နေ​ထိုင်​ကြောင်း​ Lianhe​ Zaobao​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​ပြော​ကြား​သွား​သည်​။​

​မင်း​သ​မီး​က​ ​အွိုင်​နှင့်​ ၎င်း​၏​ ​မိ​ဘ​များ​ကို​ ​မိ​သား​စု​အ​ဖြစ်​ ​သတ်​မှတ်​ထား​ခြင်း​ ​ရှိ​မ​ရှိ​ ​မေး​မြန်း​ခဲ့​ရာ​တွင်​ ​ယ​ခု​အ​ချိန်​ထိ​ ​စ​င်္ကာ​ပူ​တွင်​ ​သူ​မ​၏​ ​မိ​သား​စု​ ​ရှိ​နေ​သည်​ဟု​ ​ခံ​ယူ​ထား​ကြောင်း​ ​ဖြေ​ကြား​သွား​သည်​။​ ​ဂေါင်​သည်​ ​တ​ရုတ်​မှ​ ​စ​င်္ကာ​ပူ​သို့​ ​သွား​ရောက်​သည့်​ ​အ​ခါ​တွင်​ ​ဟို​တယ်​တွင်​ ​တည်း​ခို​နေ​ခြင်း​ကြောင့်​ ​သူ​မ​တို့​လင်​မ​ယား​ ​ကွာ​ရှင်း​လိုက်​ပြီ​ဟူ​သော​ ​ကော​လ​ဟာ​လ​များ​ ​ပျံ့​နှံ့​လျက်​ရှိသည်​။​ ​ဂေါင်​၏​မန်​နေ​ဂျာ​ ​ခ​ရ​စ္စ​တို​ဖာ​ဆန်း​က​ ​ဂေါင်​နှင့်​ ​အွိုင်​တို့​ ​ခွဲ​နေ​သည်​မှာ​ ​တစ်​နှစ်​ကျော်​ပြီ​ ​ဖြစ်​သော်​လည်း​ ​တ​ရား​ဝင်​ ​ကွာ​ရှင်း​ခဲ့​သည်​မှာ​ ​မ​ကြာ​သေး​မီ​က​မှ​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

​ ​ဂေါင်​ဖက်​မှ​ ​ယ​ခု​ကဲ့​သို့​ ​အ​တည်​ပြု​ ​မ​ပြော​ဆို​သေး​မီ​ ​အွိုင်​အား​ ​တ​ရုတ်​​ သ​တင်း​ဝက်​ဆိုက်​ ​အ​ချို့​က​ ​မေး​မြန်း​​ ခဲ့​ရာ​တွင်​လည်း​ ​အွိုင်​က​ ​ကော​လ​ဟာ​လ​များ​သည်​ ​တစ်​ခါ​တ​ရံ​ ​မှန်​ကန်​​ တတ်​ကြောင်း​ ​ပြော​ဆို​​ သွား​ခဲ့​သည်​ဟု​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here