ထောက်ပ့ံရေးသင်္ဘောအား ပစ်ခတ်​ စီးနင်းခဲ့မှု​ အတွက် ဝန်ချ​ တောင်းပန်ရန် အစ္စရေးအား​ တောင်းဆို

alt

တူ​ရ​ကီ​ဝန်​ကြီး​ချုပ်​ ​ရီ​ဆပ်​တေ​ရစ်​ ​အာ​ဒို​ဂန်​က​ ​အ​စ္စ​ရေး​အား​ ​ဂါ​ဇာ​ဒေ​သ​သို့​ ​သွား​ရောက်​သည့်​ ​တူ​ရ​ကီ​ ​ထောက်​ပံ့​ရေး​ ​သ​င်္ဘော​အား​ ​ပစ်​ခတ်​စီး​နင်း​ခဲ့​မှု​အ​တွက်​ ​ဝန်​ချ​ တောင်း​ပ​န်​ရန်​ ​တောင်း​ဆို​ လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ဇွန်​လ(​၂၈)​ရက်​နေ့​က​ ​တူ​ရ​ကီ​ ​ဝန်​ကြီး​ချုပ်​၏​ ​ရုပ်​မြင်​သံ​ကြား​ ​အ​စီ​အ​စဥ်​ တစ်​ခု​မှ​ ​တ​ရား​ဝင်​ ​တောင်း​ဆို​ လိုက်​သော​ ​ကိ​စ္စ​ကြောင့်​ ​စ​စ်​မ​ဟာ​မိတ်​ ​နှစ်​ နိုင်ငံ​ကြား​ ​ဆက်​ဆံ​ရေး​ ​ဆိုး​ရွား​လာ​မှု​ကို​ ​ထင်​ဟပ်​ စေ​ခဲ့​သည်​။​ ​မေ​လ (​၃၁)​ ရက်​နေ့​က​ ​အ​စ္စ​ရေး​တို့​ ​ပိတ်​ဆို့​ထား​သည့်​ ​ဂါ​ဇာ​သို့​ ​ဝင်​ရောက်​ရန်​ ​ကြိုး​စား​ခဲ့​သော​ ​တူ​ရ​ကီ​ ​ထောက်​ပံ့​ရေး​ ​သ​င်္ဘော​ တစ်​စင်း​ကို​ ​အ​စ္စ​ရေး​ရေ​တပ်​ ​ကွန်​မန်​ဒို​များ​က​ ​ပစ်​ခတ်​ခဲ့​ရာ​ ​တူ​ရ​ကီ​အ​ရပ်​သား(​၈)ဦး​​ ​အ​ပါ​အ​ဝင်​ ​လူ(​၉)ဦး​ ​သေ​ဆုံး​ခဲ့​မှု​အ​တွက်​ ​အ​စ္စ​ရေး​နှင့်​ ​တူ​ရ​ကီ​ကြား​ ​ဆ​က်​ဆံ​ရေး​မှာ​ ​အေး​ခဲ​လာ​ခဲ့​သည်​။​ ​သေ​ဆုံး​ခဲ့​သည့်​ ​ကျန်​တစ်ဦး​မှာ​ ​အ​မေ​ရိ​ကန်​လူ​မျိုး​ ​ဖူ​ကန်​ဒို​ဂန်​ဆို​သူ​ဖြ​စ်သည်​။​ ​အ​စ္စ​ရေး​နှင့်​ ​ဆီး​ရီး​ယား​တို့​ကြား​ ​ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု​အ​တွက်​ ​ကြား​ဝင်​ဆောင်​ရွက်​ပေး​နေ​သည့်​ ​တူ​ရ​ကီ​က​ ​အ​စ္စ​ရေး​ထံ​မှ​ ​တောင်း​ပန်​မှုကို​ ​မ​ရ​ရှိ​လျင်​ ​ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​ ၎င်း​တို့​၏​ ​ညှိ​နှိုင်း​ပေး​မှု​အား​ ​ရပ်​ဆိုင်း​တော့​မည်​ဟု​လည်း​ ​ခြိမ်း​ခြောက်​ခဲ့​သည်​။​ ထို့​အ​ပြင်​ ​အ​စ္စ​ရေး​၏​ ​လုပ်​ရပ်​မှာ​ ​အ​ရပ်​သား​များ​ကို​ ​လက်​နက်​ကိုင်​ ​အ​နိုင်​ကျင့်​သည့်​ ​အ​ကြမ်း​ဖက်​ ​လုပ်​ရပ်​ပင်​ဖြစ်​ကြောင်း​ ​အာ​ဒို​ဂန်​က​ ​စွပ်​စွဲ​ခဲ့​သည်​။​

တူ​ရ​ကီ​ ​ဝန်​ကြီး​ချုပ်​က​ ​အ​မေ​ရိ​ကန်​အား​ ​အ​စ္စ​ရေး​၏​ ​ဝန်​ချ​တောင်း​ပန်​မှု​ကို​ ​တောင်း​ဆို​ရာ​တွင်​ ​ပူး​ပေါင်း​ ပါ​ဝင်​သည့်​ကြောင်း​ ​တိုက်​တွန်း​ခဲ့​ပြီး​ ​သေ​ဆုံး​သူ​များ​အ​နက်​ ​အ​မေ​ရိ​ကန်​လူ​မျိုး​တစ်ဦး​ ​ပါ​ဝင်​နေ​ခြင်း​ကို​ ​ထောက်​ပြ​ခဲ့​သည်​။​ အ​စ္စ​ရေး​နိုင်ငံ​က​မူ​ ​အာ​ဒို​ဂန်​၏​ ​တောင်း​ဆို​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​တ​စုံ​တ​ရာ​ ​တုန့်​ပြန်​မှု​ ​မ​ရှိ​သေး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here