ကမ္ဘာ့ပထမဆုံး Gay​ ဖြစ်သူ နိုင်ငံခေါင်းဆောင် တရားဝင် လက်ထပ်

alt

က​မ္ဘာ​ပေါ်​တွင်​ Gay​ ​တစ်ဦး​အ​ဖြစ်​ ​ပ​ထ​မ​ဆုံး​ ​နိုင်ငံ​ ခေါင်း​ဆောင်​ ​ဖြစ်​ခဲ့​သူ​ ​ဂျို​ဟာ​နာ​ ​ဆင်​ဂွာ​ဒါ​ဒေါ့​တီ​သည်​ ​ယ​ခု​အ​ခါ​ ​တ​ရား​ဝင်​ ​လက်​ထပ်​ လိုက်​ပြီ​ဖြစ်​သည်​။​

အိုက်​စ​လန်​နိုင်ငံ​၏​ ​ဝန်​ကြီး​ချုပ်​အ​ဖြစ်​ ​တာ​ဝန်​ယူ​ထား​သော​ ​အ​သက်(​၆၈)​နှစ်​ရှိ​ ​ဂျို​ဟန်​နာ​သည်​ ​သူ​မ​နှင့်​ ​နှစ်​ရှည်​လ​များ​ ​တွဲ​နေ​ခဲ့​သည့်​ ​အ​မျိုး​သ​မီး​ချင်း​ချစ်​သူ​ ​ဂျို​နီ​နာ​လီ​ယော့​ဒေါ့​တီ​အား​ ​လက်​ထပ်​လိုက်​ခြင်း​ဖြစ်​သည်​။​ ​အ​သက်(​၅၀)​ရှိ​ပြီ​ ဖြစ်​သော​ ​စာ​ရေး​ဆ​ရာ​မ​ ​ဂျို​နီ​နာ​သည်​ ​ဝန်​ကြီး​ချုပ်​ ​ဂျို​ဟန်​နာ​နှင့်​ ​နှစ်​ပေါင်း​ အ​တော်​ကြာ​ ​ချစ်​သူ​များ​ ​ဖြစ်​နေ​ ခဲ့​သည်​။​

​မိ​မိ​ကိုယ်​ကိုယ်​ ​လိင်​တူ​ချင်း​ ​စိတ်​ဝင်​စား​သည့်​ Gay​တစ်ဦး​ဖြစ်​ကြောင်း​ ​တ​ရား​ဝင်​ ​ဝန်​ခံ​ပြော​ကြား​ထား​သည့်​ ​ဂျို​ဟန်​နာ​သည်​ ​နိုင်ငံ​အ​တွင်း​ ​လိင်​တူ​ချင်း​ ​လက်​ထပ်​ခွင့်​ ဥ​ပ​ဒေ​ကို​ ​အ​တည်​ပြု​ပေး​ပြီး​နောက်​ ​သီ​တင်း​ပါတ်​ ​အ​နည်းငယ်​အ​တွင်း​ ​ယ​ခု​လို​ ​လက်​ထပ်​ပွဲ​ ​ဆင်​နွှဲ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဂျို​ဟန်​နာ​တို့​ ​လက်​ထပ်​ပွဲ​ကို​ ​ဇွန်​လ(​၂၆)​ရက်​နေ့​က​ ​ပြု​လုပ်​ခဲ့​ပြီး​ ဥ​ပ​ဒေ​ကို​ ​ဇွန်​လ(​၁၂)​ရက်​နေ့​က​မှ​ ​အ​တည်​ပြု​ ​ပြ​ဌာန်း​ခဲ့​ခြင်း​ဖြစ်​သည်​။​

ဂျို​ဟန်​နာ​သည်​ ​ပြီး​ခဲ့သည့်​နှစ်​က​ ​အိုက်​စ​လန်​၏​ ​ဝန်​ကြီး​ချုပ်​ ​ရာ​ထူး​ကို​ ​စ​တင်​ထမ်း​ဆောင်​ခဲ့​ပြီး​ ​က​မ္ဘာ​ပေါ်​တွင်​ Gay​​ တစ်ဦး​အ​ဖြစ်​ ​ထုတ်​ဖော်​ဝန်​ခံ​သည့်​ ​ပ​ထ​မ​ဆုံး​ ​နိုင်ငံ​ခေါင်း​ဆောင်​အ​ဖြစ်​လည်း​ ​မှတ်​တမ်း​ဝင်​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here