​အ​မေ​ရိ​ကန်​နိုင်ငံ​တွင်​ ရု​ရှား​သူ​လျှို​များ​ ​ဖမ်း​ဆီး​

alt

အ​မေ​ရိ​ကန်​နိုင်ငံ​အ​တွင်း​ ​ရု​ရှား​သူ​လျှို​များ​ ​ဖမ်း​ဆီး​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​မေ​ရိ​ကန်​ရော​၊​ ​ရု​ရှား​ပါ​ ​အ​ပြန်​အ​လှန်​ ​ဆက်​ဆံ​ရေး​ ​အ​ခြေ​အ​နေ​အ​တွက်​ ​ထိ​ခိုက်​မှု​ ​မ​ရှိ​အောင်​ ​ကြိုး​ပမ်း​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​စစ်​အေး​ခေတ်​ကာ​လ​ဆန်​ဆန်​ ​ထောက်​လှမ်း​ရေး​ ​သူ​လျှို​ (​၁၀)ဦး​ကို​ ​အ​မေ​ရိ​ကန်​က​ ​ဇွန်​လ(​၂၇)​ရက်​နေ့​တွင်​ ​ဖမ်း​ဆီး​နိုင်​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​ရု​ရှား​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​ယင်း​တို့​မှာ​ ​ရု​ရှား​သူ​လျှို​များ​ဖြစ်​ကြောင်း​ ​အ​ခြေ​အ​မြစ်​ရှိ​ရှိ​ ​မ​စွပ်​စွဲ​နိုင်​ဟု​ ​ပြော​ကြား​ထား​သည်​။​ ​အ​မေ​ရိ​ကန်​ ​တ​ရား​ရေး​ဌာ​န​က​မူ​ ​ယ​ခု​ကိ​စ္စ​သည်​ စစ်​အေး​ခေတ်​ ​အ​ရိပ်​အ​ငွေ့​ကို​ ​ထင်​ဟပ်​စေ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ရု​ရှား​ပြည်​ထောင်​စု​ ​လုံ​ခြံု​ရေး​ဌာ​န​ ​အ​ကြီး​အ​ကဲ​ဟောင်း​ ​နီ​ကို​လိုင်​ ​ကို​ဗာလွိုက်​က​ ​အ​မေ​ရိ​ကန်​၏​ ​စွပ်​စွဲ​မှု​ ​အ​ချို့​သည်​ ခပ်​ညံ့​ညံ့​ ​စ​ပိုင်​ဝ​တ္ထု​ ​တစ်​ပုဒ်​နှင့်​တူ​ကြောင်း​ ​ပြက်​ရယ်​ပြု​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ရု​ရှား​အ​စိုး​ရ​က​မူ​ ​ယင်း​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​တိုက်​ရိုက်​ငြင်း​ဆို​ခြင်း​ ​မ​ပြု​သေးဘဲ​ ​ယင်း​တို့​သည်​ ​အ​မေ​ရိ​ကန်​ ​ပြည်​ထောင်​စု​၏​ ​အ​ကျိုး​စီး​ပွား​ကို​ ​တ​စုံ​တ​ရာ​ ​ထိ​ခိုက်​အောင်​ ​မ​ပြု​လုပ်​ခဲ့​ကြောင်း​သာ​ ​ပြော​ကြား​ခဲ့​သည်​။​

​ဇွန်​လ(​၂၉)​ရက်​နေ့​က​ ​အ​မေ​ရိ​ကန်​ ​သ​မ္မတ​ဟောင်း​ ​ဘီ​က​လင်​တန်​နှင့်​ ​တွေ့​ဆုံ​စဥ်​ ​ရု​ရှား​ဝန်​ကြီး​ချုပ်​ ​ဗ​လာ​ဒီ​မာ​ပူ​တင်​က​ ​ယ​ခု​ကိ​စ္စ​သည်​ ​အ​မေ​ရိ​ကန်​နှင့်​ရု​ရှား​ ​ဆက်​ဆံ​ရေး​ကို​ ​ထိ​ခိုက်​ခြင်း​ ​မ​ရှိ​နိုင်​ဟု​ ​မျှော်​လင့်​ကြောင်း​ ​ပြော​ဆို​သွား​သည်​ဟု​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here