​​ဘော​လုံး​ပွဲ​ကြ​ည့်​နေ​စဥ်​ ​လာ​နှောင့်​ယှက်​သ​ဖြင့်​ ​မ​ယား​ပါ​သ​မီး​ကို​ ​သတ်​ပစ်​လိုက်

alt

ဘော​လုံး​ပ​ရိ​သတ်​ ​တစ်ဦး​သည်​ ၎င်း​၏​ (​၂)​ နှစ်​အ​ရွယ်​ ​မ​ယား​ပါ​ သ​မီး​အား​ ​ဘော​လုံး​ပွဲ​ ​ကြည့်​နေ​စဥ်​ ​လာ​နှောင့်​ယှက်​ ခြင်း​ကြောင်း​ ​သတ်​ပစ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​တ​က္က​ဆက်​မှ​ ​အ​မျိုး​သာ​ ​တစ်ဦး​သည်​ ​က​မ္ဘာ့​ ဖ​လား​ ​ဘော​လုံး​ပွဲ​အား​ TV​မှ​ ​ကြည့်​ရှု​ နေ​စဥ်​ ​အ​နား​ လာငို​ နေ​သည့်​ ​က​လေး​အား​ အငို​တိတ်​ရန်​ ​ပြော​သော်​လည်း​ ​မ​ရ​ သ​ဖြင့်​ ​စိတ်​ဆိုး ​မာန်​ဆိုး​ ​ရိုက်​နှက်​ခဲ့​ရာ​ ​မိန်း​က​လေး​မှာ​ ​သေ​ဆုံး ​သွား​ရှာ​ခြင်း ​ဖြစ်​သည်​။​ ​တ​က္က​ဆက်​ရှိ​ ​မက်​အ​လန်​ ​ရဲ​တပ်​ဖွဲ့​မှ​ ​အ​ရာ​ရှိ​ ​ဂျိုး​မော​လက်​က​ ​အ​သက် (​၂၇) ​နှစ်​အ​ရွယ်​ ​ဟက်​တာ​ကက်​စ​ထ​ရို​ အား​ ​ဇွန်​လ(​၂၇)​ရက်​နေ့​က​ ​က​လေးငယ်​အား​ ​သတ်​မှု​ဖြင့်​ ​ဖမ်း​ဆီး​ ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ကက်​စ​ထ​ရို​သည်​ ​ယ​ခု​အ​ခါ​ ​ဟာ​ဒီ​ဂို​ခ​ရိုင်​ ​ထောင်​ထဲ​တွင်​ ​အာ​မ​ခံ​ကြေး​ ​ဒေါ်​လာ(​၁)​သန်း​ဖြင့်​ ​ထိန်း​သိမ်း​ ခံ​ထား​ရ​သည်​။​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ​ဗစ်​တာ​ရို​ဒ​ရီ​ဂွတ်​က​ ​ကက်​စ​ထ​ရို​သည်​ ​အ​မေ​ရိ​ကန်​နှင့်​ ​ဂါ​နာ​တို့​ ​ရှုံး​ထွက်​အ​ဆင့်​ ​ပွဲ​စဥ်​ကို​ ​စောင့်​ကြည့်​နေ​စဥ်​ ​က​လေး​မ​လေး​က​ ​အော်ငို​နေ​ရာ​မှ​ ​စိတ်​ဆိုး​ပြီး​ ​လက်​လွန်​သွား​ခြင်း​ဟု​ ​ဝန်​ခံ​ခဲ့​ကြောင်း​ ​​ပြော​ကြား​သွား​သည်​။​

​ရို​ဒ​ရီ​ဂွတ်​က​ ​က​လေး​မ​လေး​သည်​ ​အ​ကြိမ်​များ​စွာ​ ​ရိုက်​နှက်​ခံ​ထား​ရ​ပြီး​ ​နံ​ရိုး​များ​ ​ကျိုး​ကြေ​နေ​ကြောင်း​၊​ ​ရင်​ဘတ်​ကို​လည်း​ ​အင်​အား ​ပြင်း​ထန်​စွာ​ ​ထိုး​နှက်​ခံ​ထား​ရ​ပြီး​ ​ထို​ဒဏ်​ကြောင့်​ ​သေ​ဆုံး​သွား​ခြင်း​ဟု​ ​ယူ​ဆ​ ရ​ကြောင်း​ ​ထုတ်​ဖော်​ ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here