သရပါရသစာပေ မဂ္ဂဇင်း၏ အလုပ်ခေါ်ကြော်ငြာအား ပြည်တွင်း အယ်ဒီတာများ ဒေါသထွက်

alt

ရုပ်ရှင် သရုပ်ဆောင် တစ်ဦး​ ဖြစ်သူ မင်းအုပ်စိုးမှ အယ်ဒီတာချုပ် အနေဖြင့် တာဝန်ယူ လုပ်ဆောင်​ နေသည့် သရပါရသ စာပေ​ မဂ္ဂဇင်းမှ အမျိုးသမီး အယ်ဒီတာ​ ခေါ်ယူခြင်း အလုပ်ခေါ်​ ကြော်ငြာကြောင့်

လက်ရှိအလုပ် လုပ်ကိုင်​ နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများ​ အားလုံး၏ စာရိတ္တနှင့်​ ကျင့်ဝတ် သိက္ခာကို ကျဆင်း ထိပါး​ စေသည့် သဘော သက်ရောက်​ ခဲ့ကြောင်း စာပေ​ လောက​ အတွင်းရှိ အယ်ဒီတာများ အပါအဝင် ဂျာနယ်လစ်များကပါ သုံးသပ် ပြောဆို နေကြသည်။

ဇွန်လ ၂၈ ရက်နေ့ထုတ် အချစ် ဂျာနယ် အတွဲ​ (၆)​ အမှတ်​ (၇​၀) စာမျက်နှာ ၂၃ တွင်​ ပါဝင်​ ခဲ့သော သရပါရသ စာပေ​ မဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာ အလုပ်ခေါ် ကြော်ငြာတွင် လျှောက်ထား​ လိုသူများ အနေဖြင့်​

(၁)ရုပ်ရည်ပြေပြစ်ရမည်၊

(၂)မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမည်

(၃)အိမ် ထောင်မရှိသူဖြစ်ရမည်

(၄)မည်သည့် ဂျာနယ်၊မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ၊

(၅) ၁ဝတန်း အောင်ရန်မလို၊

(၆) အသက် ၂​၀ နှစ်မှ ၂၈ နှစ်အတွင်း ဖြစ်ရမည်”

စသည့် အချက်များသာ​ ပါဝင်ခဲ့ပြီး လျှောက်ထား​ လိုသူများ အနေဖြင့် သရဝဏ်​ ရုပ်ရှင်နှင့် ဗီဒီယို​ ထုတ်လုပ်​ ဖြန့်ချိရေးသို့ လူ​ ကိုယ်တိုင်​ ​လာရောက်​ လျှောက်ထား​ ရမည်ဟု ဖော်ပြ​ ပါရှိခဲ့ခြင်းသည် မဂ္ဂဇင်း​ တစ်စောင်၌ အယ်ဒီတာ​ တစ်ဦး၏ အရည်အသွေးသည် စာဖတ်​ နိုင်အား၊ ခြံုငုံ​ သုံးသပ်နိုင်သော အမြင်ရှိမှု၊ ပိုင်းခြား​ ဝေဖန်တတ်မှု၊ အသိအမြင်​ ဗဟုသုတ အတွေးအခေါ် ကြွယ်ဝမှု၊ အသက်​ အရွယ်​ အလိုက် အတွေ့အကြံု​ ရင့်ကျက်မှုနှင့် ဘက်စုံ နှံ့စပ်မှု​ စသော အချက်များ​ အပေါ် အခြေခံ ရွေးချယ်ခန့်​ ထားလေ့ ရှိသော်လည်း သရပါ ရသစာပေ​ မဂ္ဂဇင်း၏ အမျိုးသမီး​ အယ်ဒီတာ အလုပ်ခေါ်​ ကြော်ငြာစာတွင်မူ ထိုကဲ့သို့​ အချက်များ ပြည့်စုံရန် ဖော်ပြ​ ထားခဲ့ခြင်း​ မရှိသည့် အပြင် လက်ရှိ​ လုပ်ကိုင်နေသော အယ်ဒီတာများ၏ အရည်အသွေး၊ တန်ဖိုးနှင့် အရည်အချင်း​ ဆိုင်ရာ စံနှုန်းများကို ကျဆင်း​ စေခဲ့သည့် ကြော်ငြာ​ သာဖြစ်​ကြောင်း​၊ သရပါ​ ရသ စာပေ​ မဂ္ဂဇင်း အယ်ဒီတာများ၏ အရည်အချင်းနှင့် အရည်အသွေးအပေါ် မေးခွန်း​ ထုတ်စရာ ဖြစ်လာကြောင်း ဝေဖန်သံများ ထွက်လာ​ ခဲ့သည်။

မဂ္ဂဇင်း​ လောက၌ နှစ်ပေါင်း ၃​၀ ကျော်ကြာ အတွေ့အကြံုရှိခဲ့သူ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက သရပါ​ မဂ္ဂဇင်း၏ အယ်ဒီတာ အလုပ်ခေါ် ကြော်ငြာစာသည် ထိုမဂ္ဂဇင်း အယ်ဒီတာ​ အဖွဲ့၏ သဘောထား ရှုထောင့်သာ ဖြစ်သော်လည်း အယ်ဒီတာ​ တစ်ဦး အပေါ်​ ထားရှိသည့် အမြင်ကိုမူ စိတ်ပျက်​ မိကြောင်း နယူး အလဲဗင်း​ ဂျာနယ်အား ပြောဆို​ ခဲ့သည်။ နယူး အလဲဗင်းဂျာနယ်အား န်းအလင်္ကာ စာပေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် မောင်သွေးချွန်က

မဂ္ဂဇင်း​ အယ်ဒီတာ ဆိုတဲ့ အတွက် မဂ္ဂဇင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြံုတို့၊ စာဖတ်​ ဝါသနာပါပြီး အခြေခံ​ ရှိတာတို့၊ စာပေနယ်နဲ့ ပတ်သက်ပြီး ရှေ့မီနောက်မီ​ ဖြစ်နိုင်တာ တို့ စတဲ့​ အချက်တွေနဲ့ ပြည့်စုံ​ နေမှ ရတာပါ။ ပညာရေးနဲ့ စာပေ​ အတွေ့အကြံုကို ပေါင်းစပ်မှ​ ရမှာ​ ဆိုတာကြောင့်လည်း ၁ဝ တန်း​ မအောင်လည်း ရတယ်​ ဆိုတာမျိုးကတော့ မသင့်တော်ပါဘူး။ ရုပ်ရည်​ ပြေပြစ်တာ၊ မပြေပြစ်တာတို့၊ အိမ်ထောင်ရှိ တာ၊ မရှိတာတို့၊ အသက် ကန့်သတ်ချက်​ ရှိတာ၊ မရှိတာ​ တို့ကတော့ အယ်ဒီတာ​ အလုပ်နဲ့ ဘာမှမဆိုင်ပါ ဘူး။ ရုပ်ရှင်​ မင်းသမီး ဝင်ရွေးတာမှ မဟုတ်တာဘဲဗျာ။ ရုပ်ရှင်​ မင်းသမီး ရွေးတယ်​ ဆိုရင်တော့ တစ်မျိုးပေါ့။

အခုခေါ်တဲ့ အမျိုးသမီး​ အယ်ဒီတာ အလုပ်ကြော်ငြာ​ ကတော့ အယ်ဒီတာ အလုပ်နဲ့​ မဆိုင်သလို ဖြစ်နေပါတယ်” ဟု ပြောဆိုခဲ့ပြီး၊ သရဖူ မဂ္ဂဇင်းမှ ဒေါ်နန်းအိအိဇာက

မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ သူ့​ ဦးတည်ချက်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ ရှိကြပါတယ်။ အလှအပလား၊ ကျန်းမာရေးလား၊ ရသလား၊ သတင်းလား၊ နိုင်ငံရေးလား၊ အားကစားလား စသဖြင့်ပေါ့။ ဒါမှ ကိုယ်သွားမယ့်​ ဦးတည်ချက်နဲ့ ကိုက်ညီတဲ့စာ တွေကို ထည့်ရတာဖြစ်တယ်။ ကျွန်မ သဘော​ အနေနဲ့ ‘အယ်ဒီတာ’ ဆိုတဲ့ နေရာကို ရွေးမယ်​ ဆိုရင်ရှေ့မီနောက်မီတဲ့လူ ဖြစ်စေချင်တယ်။ နောက်ပြီး ဗဟုသုကြွယ်ဝတဲ့​ သူ၊ စာဖတ်နာတဲ့​ သူ၊ အမှားအမှန်ကို ချင့်ချိန်တတ်တဲ့​ သူ၊ ဘက်မလိုက်တဲ့​ သူ ဖြစ်ရင်တော့ အကောင်းဆုံးပါ

ဟု အယ်ဒီတာရွေးချယ်မှုအပိုင်းနှင့် ဆက်စပ်ပြီး ထောက်ပြ ပြောဆိုခဲ့သည်။

ဆရာ ဦးမျိုးမြင့်ညိမ်းက အခုခေတ်မှာ စာပေလောကကို အပျော်သဘောနဲ့ ဝင်လာတဲ့သူ တွေရှိလာတော့ အဲဒီလူတွေက Ethics ဆိုတာတွေလည်း မရှိကြဘဲ သူတို့​ လုပ်ဆောင်မှုတွေက တခြားတစ်ဖက်နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေအောင် လုပ်မိ​ တတ်ကြတာမျိုးလည်း တွေ့နေ မြင်နေရပါတယ်။ အယ်ဒီတာကို အလုပ်ခေါ်တာ ဒီလို​ အချက်တွေနဲ့တော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ စာပေအတွေ့အကြံု၊ စာပေအပေါ် စိတ်ဝင်စားမှု၊ ဝါသနာပါမှု ဒီအချက်တွေက အခြေခံအချက်တွေ အဖြစ်ပါဝင်ရမှာ ဖြစ်ပါတယ်”​ ဟုပြောဆို​ ခဲ့ပြီး၊ ယခု​ ကြော်ငြာသည် စာပေလောက​ အတွင်း အယ်ဒီတာများ၏ အရည်အသွေးပိုင်းနှင့် ကျင့်ဝတ်သိက္ခာ ပိုင်းကို​ ကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်​ အပြင် အခြားသော ရသစာပေ မဂ္ဂဇင်း ထုတ်ဝေသူများကိုလည်း သိက္ခာ​ ကျဆင်းစေရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း သုံးသပ်​ ကြပါသည်။

ထို့အပြင် ယခု​ ကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စာပေနှင့် စာနယ်ဇင်း​ အဖွဲ့မှ အဆိုပါကိစ္စရပ် အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး အခြားတစ်ဖက်တွင်လည်း အယ်ဒီတာများ၏ အရည်အချင်းနှင့် ကျင့်ဝတ်​ သိက္ခာများကို အယ်ဒီတာ အဖွဲ့သာမက ထုတ်ဝေသူများ​ သိရှိ​ နိုင်အောင် လုပ်ဆောင်ရန် လိုအပ် ကြောင်း အယ်ဒီတာများက ပြောဆိုခဲ့သည့်ဟု နယူး အလဲဗင်းဂျာနယ်တွင် ဖေါ်ပြ​ ပါရှိခဲ့သည်။

 

ယ​ခု​အ​လုပ်​ခေါ်​စာ​သည့်​​ ​ပြီး​ခဲ့​သည့်​​ ​မေ​လ​ ၁၉ ရက်နေ့ဆီဒိုးနား ဟိုတယ်တွင် ထက်ထက်မိုးဦးက​ အင်တာဗျူးသည့် သတင်းထောက် မအေးသူစံ​ ​အ​ပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်မှု အပြီး၊ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး​ က​ အယ်ဒီတာချုပ် တစ်ဦးအဖြစ် တာဝန်ယူ လုပ်ဆောင်နေသည့် သရပါရသ စာပေမဂ္ဂဇင်းမှ​ ​ခေါ်​ယူ​ခဲ့​​ခြင်း​​ ​ဖြစ်​သည်​။​​ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး​သည်​ အနုပညာ လုပ်ငန်းများကို အသက်မွေး ဝမ်းကျောင်း​ ​တ​ခုအနေဖြင့်​​ လုပ်ကိုင်နေခြင်း​​ မဟုတ်ဘဲ၊​ အခြားမှရရှိလာသည့် ငွေမည်းလို့ ယူဆရတဲ့ ​ငွေတွေကို အနုပညာ​ လုပ်ငန်းများနဲ့ ခဝါချ​ နေတာ​ ဖြစ်တယ်လို့ ရန်ကုန်​ အသိုင်းအဝိုင်းမှာ အ​သံ​ထွက်​ ပြောဆို​ နေတာကိုလည်း​ ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here